
Linux စသုံးဖို့ ISO ဖိုင်ရွေးချယ်တဲ့အခါ ဒါတွေ အခြေခံ သိရပါမယ်။
၁။ OS ရွေးချယ်ရပါမယ်။
( Ubuntu,Kali,Redhat,Rockylinux,etc…)
၂။ OS တခုရဲ့System requirement
( အခြေခံ Hardware လိုအပ်ချက် ကိုယ်ရွေးချယ်လိုက်တဲ့ OS သည် CPU ဘယ်လောက် speed
RAM ဘယ်လောက် GB ၊ HDD capacity ဘယ်လောက် လိုအပ်ကြောင်းကို သိဖို့လိုပါတယ်။)
၃။ CPU အမျိုးအစား
( ကိုယ်ရွေးချယ်လိုက်တဲ့ ISO ဟာ ဘယ် CPU အမျိုး အစား မှာ မှ support လုပ်တာလဲ ဆိုတာ
သိရပါမယ်။ ဥပမာ ကိုယ့် computer က intel cpu ဆိုရင် ISO file ရွေးတဲ့အခါ intel အတွက် ထုတ်ထားတဲ့
ISO file ပဲ ဖြစ်ရပါမယ်။)
၄။ Official ISO image လား
( Linux OS တွေကို ရွေးချယ်ပြီး ISO File တွေ Download လုပ်တဲ့ အခါ အရေးအကြီးဆုံးက
Official Website ကနေ Download လုပ်ဖို့လိုပါတယ်။ Security အတွက် အရေးကြီးပါတယ်။
Official မဟုတ်ရင် OS ကို ပြင်ထားပြီး backdoor အသုံးပြုထားနိုင်ပါတယ်။)
၅။ စတင်ပြီး Download ရယူနိုင်ပါပြီ။
ကျေးဇူးတင်ပါသည်။ https://bnntechlinux.com
ဒီ လ အတွက် Linux basic to Linux system administration class စုံစမ်းရန် နှိပ်ပါ

