Malware Threat & Definition

Malware Threat & Definition
( အခြေခံ အားဖြင့် သိသင့် ကြဖို မျှဝေပါရစေ | မပြည့် စုံဘူး
ဆိုပေမယ့် Security Knowledge မရှိတဲ့ သူတွေအတွက်တော့
ဗဟုသုတ ရသွားမယ်လို မျှော်လင့်ပါတယ် )
| Virus |
user ရဲ့ အသိပညာ မရှိမှုကို အသုံးချကာ
computer ထဲ code run စေခြင်းဖြင့်
computer အား ထိခိုက်အောင် ပြုလုပ်ခြင်:။
Application or Code run တယ်ဆိုတာကလည်း
User ကိုယ်တိုင်ပဲဖြစ်ပါတယ်။
| Worm |
Virus ကဲ့သို လုပ်ဆောင်နိုင်တယ် ဆိုပေမယ့်
မတူတဲ့အချက် Worm virus ရှိနေတဲ့ computer
ကနေ တခြား computer တွေကို ကူးစက်နိုင်ပါတယ်။
Network ကနေလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။
| Trojan horse |
သူကတော့ နောက်ကွယ်ကနေ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
ပုံမှားရိုက်တယ်ပေါ့ဗျာ။ System က ခွင့်ပြုထားတဲ့
Program သယောင်ယောင် Application လိုလို နဲ့ ဝင်လာပြီး
ခွင့်ပြုချက်ရ ပြီးနောက် လုပ်ချင်တာလုပ်တာကိုပြောတာပါ။
| Spyware |
ဒါကတော့ Third-party software တွေ မိမိတို အသုံးပြုတဲ့
Devices တွေမှာ install ပြီး Internet ကနေ စောင့်ကြည့်နေတာ
၊ အချက်အလက် တွေကို ၄င်း software မှတဆင့် ပေးပို နေတာကို
ဆိုပါတယ်။ အခုခေတ်စားနေတဲ့ Kbzpay အဟက်ခံရတယ်ဆိုတာ
မျိုးပေါ့။
| Rootkit |
Computer system တစ်ခုလုံးကို Malware detect တောင်သိလိုက်ရမှာမဟုတ်ပဲ
Administrator level ထိန်းချုပ် နိုင်အောင် ရေးဆွဲထားတဲ့
Software ပါ။ အဓိက တိုက်ခိုက်တာက UEFI|BIOS, boot loader and kernel တွေ
ကိုပါ။
| Spam |
လွယ်တကူ ပြောရရင် E-mail တွေကတဆင့် ၊ social media တွေရဲ့
chatting တွေမှာ တွေ့ရတာများပါတယ်။
Phishing နည်းလို လည်းပြောလိုရပါတယ်။ Link ပေးတယ်
မသိတော့ click ကြည့်တယ် ။ ပြီးတော့ သူများခိုင်းတာ လိုက်လုပ်တယ်။
အဲ့တော့ ဆုံးရှုးမှုတွေဖြစ်တယ်။

ဒါပါပဲ ခင်ဗျာ …

သတိပြုရမှာက –
ကိုယ်နားမသိ ရင် ရှေ့ဆက်မတိုးနဲ့
လောဘ မကြီးနဲ့
လုံခြုံ ရေး အသိရှိပါ ။
Love you guys
You can be a Linux system administrator
Bo Zin Myo ( Founder and Instructor )

လစဥ် အတန်းများစုံစမ်းနိုင်ပါပြီ

Linux ကို အခြေခံ ကနေ Linux system administration အထိ သိလိုသူတိုင်းအတွက်

Linux special class : Enroll Today

Leave a comment