( Beginner တွေအတွက် )
About Bash script
Bo Zin Myo ( Founder & Instructor )

အခု Post လေးမှာတော့ Bash script အကြောင်းလေးကို Beginner တွေအတွက်
ရည်ရွယ်ပြီး နားလည် လွယ်အောင် ရေးပေး sharing လေးလုပ်ပါရစေဗျ။
Bash script ကို အားလုံးနားလည်လွယ်အောင် ဆိုရမယ် ပြောပြရမယ်ဆိုရင်
Bash script ဆိုတာ –
Bash shell ကို အသုံးပြုပြီး Plain text file ထဲမှာ command တွေ အစီအရီ အစဥ်လိုက်
ထည့်သွင်း အသုံးပြုထားကို Bash script လို့ ဆိုနိုင်ပါတယ်။
Bash script လို့ပြောရင် Bash shell အကြောင်းကို မသိလို့မရပြန်ပါဘူး။
Bash shell ဟာ Unix-Like Operating system တွေအတွက်
မရှိမဖြစ် ပါရှိနေပြီး Linux distributions အများစုမှာလည်း Default Shell
အဖြစ် ပါဝင်နေတဲ့ command language interpreter တစ်ခုဖြစ်ပါတယ်။
Bash script ကို အသုံးပြုတော့မယ်ဆိုရင် သူ့ရဲ့ file extension က ” .sh “ ပါ
example : simple_file.sh ဆိုတာမျိုးပေါ့။
ဒီတော့ Bash script ကို ဘယ်နေရာတွေမှာ အသုံးပြုကြသလဲဆိုရင် –
Bash script ကို အသုံးပြုပြီး –
* Automate task
* System administration
* Create complex command sequences
* Create simple programs
* Utilities tools တွေ
* Command Tools
စသည်ဖြင့် ဖန်တီး အသုံးပြုကြပါတယ်။
Bash script ဖိုင် ပြုလုပ်ပြီးပြီ ဆိုရင် အသုံးပြုဖို့ရာအတွက်
File permission ပေါင်းထည့် အသုံးပြုရပါမယ်။
example : “chmod +x simple_file.sh “ လိုမျိုးပါ။
Bash script ကို အသုံးပြုတော့မယ်ဆိုရင် သိသင့်သည့် အချက်က
ကိုယ်ရေးလိုက် တဲ့ script ဟာ ဘယ်မှာ သုံးမှာလည်း ဆိုတာပါ။
ဥပမာ – Development အတွက် ရည်ရွယ် ထားတဲ့ script ကို
System administration မှာ သွားသုံးလို့မရ သလို ၊ System administration
အတွက် ရည်ရွယ်ထားတဲ့ script ကို Development အပိုင်းမှာ သွား သုံးလို့မရပါဘူး။
ကိုယ်ဘာ အတွက် ရေးမှာ လည်း ဆိုတာကို စဥ်းစား ပြီးမှ ရေးရတာမျိုးပါ။
ဟုတ်ကဲ့ အခုလောက်ဆိုရင်
Bash script နဲ့ ပါတ်သက်ပြီး Beginner တွေအတွက် အနည်းငယ် တီးမိခေါက်မိ
ဖြစ်မယ်ထင်ပါတယ်။ Bash script ကို system administration အတွက်
လေ့လာမယ်ဆိုရင် Linux system administration ကို အရင်လေ့လာပြီးမှ
ဆက်လုပ်တာ ပိုကောင်းပါတယ်လို့ အကြံပြုပါရစေခင်ဗျ။
—– + —-
Linux system administration အတန်းသစ် ပြန်စပါပြီ ။
Linux system administrator ဖြစ်လိုသူများအတွက် Linux အခြေခံ လုံးဝ တတ်ထားစရာ
မလိုတဲ့ သင်တန်းပါ။
သင်တန်းစုံစမ်းရန် ။> Enroll Today
