ဒီတခါ Samba storage server အကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။Samba storage server ကို Enterprise ( လုပ်ငန်းသုံး ) မှာ အသုံးပြုကြပါတယ်။ ဘာကြောင့် အသုံးပြုကြသလဲ မပြောခင်မှာ Samba အကြောင်းလေး စပြီးပြောပါရစေ။
Samba ကို 1992 လောက််ကတည်းက အသုံးပြုလာကြတဲ့ network file system တွေများကြီးထဲက တခုပဲဖြစ်ပါတယ်။smb networking protocol ကို အသုံးပြုထားတဲ့ Free software တခုဖြစ်ပါတယ်။
Windows platform တွေမှာ အသုံးပြုကြပြီး file and print service တွေအတွက် အသုံးပြုရာကနေ အခုဆို Unix-like system တွေမှာပါ အသုံးပြုနိုင်တာကြောင့် platform အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။
သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက – သင့်ရဲ့ ရုံးမှာ samba storage server တလုံးသာ setup လုပ်ထားမယ်ဆိုရင် ၄င်း server က ပေးသုံးထားတဲ့ data တွေကို Operating system အမျိုးမျိုးက နေလှမ်းယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဆိုလိုတာက Linux နဲ့ samba server လုပ်ထားမယ်ဆိုရင် same network မှာ ရှိနေတဲ့ Windows,Linux,Mac,Android တို့ကနေ ချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ဆိုလိုတာပါ။
ဒါကြောင့်လည်း Enterprise မှာ Samba storage server ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာဖြစ်ပါတယ်။
ကျနော် အခု share ပေးသွားတာက samba storage server အကြောင်း အကျဥ်းပဲဖြစ်ပါတယ်။
ခုလို Linux server နဲ့ ပါတ်သတ်ပြီး အခြေခံကနေ လေ့လာလိုသူများအတွက် လစဥ်တန်းခွဲတွေ ဖွင့်ပေးထားပါတယ်။
စာဖတ်သူအားလုံး အဆင်ပြေကြပါစေ …
Bo Zin Myo ( Founder & Instructor )
FB/bnntech.mm
Linux ကို Basic to Linux system administration အထိလေ့လာလိုသူတိုင်းအတွက် February 2026 တန်းခွဲတွေ အပ်နိုင်ပါပြီ။

