Linux OS အသုံးပြုဖို့ computer တလုံး ဘယ်လိုဝယ်သင့်သလဲ
ဆိုတာနဲ့ ပါတ်သတ်ပြီး ပြောပြပေးသွားပါမယ်။
ဒီနေရာမှာ စဥ်းစားဖို့ လိုတာက Linux ဆိုတာကို မစဥ်းစားပဲ ကိုယ်ဘယ်နေရာမှာ
အသုံးပြုမှာလဲ ဆိုတာကို အရင် စဥ်းစားရမှာပါ။
-Daily ( Facebook, Youtube, Video )
ဒါမျိုးဆိုရင်တော့ CPU 3rd gen ကနေ စပြီး အသုံးပြုနိုင်ပါတယ်။
– IT အလုပ်တွေအတွက် ဆိုရင်တော့
CPU 8th gen ကနေ စပြီး ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာ
CPU core , Thread , cache နဲ့ ကိုယ် အကြိုက် CPU brand ပေါ်
ရွေးချယ်နိုင်ပြီး။RAM ကိုတော့ ရွေးချယ် တဲ့အခါ
16GBအထက်ရှိ ရင် ပို အဆင်ပြေပါမယ်။
IT ဆိုတော့ VM တွေသုံးမှာတွေပါ ရှိလာနိုင်တယ်။ Network ဆိုရင် EVE တွေလည်း
လိုရင်သုံးမယ် စိတ်ကြိုက် စမ်းချင်တာစမ်းနိုင်အောင် ကြိုတင်တွက်ဆ ပြီး ဝယ်ရမှာဖြစ်ပါတယ်။
ဒါက Computer ရွေးချယ်ခြင်းပါ။
======
Linux Distribution ( Linux OS ) ရွေးချယ်ခြင်းမှာတော့
ကိုယ်က လက်ရှိ Windows ပဲ သုံးဖူးတဲ့သူဆိုရင်တော့
Debian base ဖြစ်တဲ့ Ubuntu ကို Windows ရဲ့ Hypervisor တခုခု မှာ စမ်းသုံးကြည့်စေ
ချင်ပါတယ် ။ Hypervisor ဆိုတာက Vmware , Hyper V , VirtualBox တို့ကို ဆိုလိုတာ
ဖြစ်ပါတယ်။ ၄င်း Hypervisor တွေမှာ VM ( Virtual Machine )အဖြစ် အသုံးပြုပြီး အဆင်
ပြေပြီ ကိုလည်း ကြိုက်ပြီဆိုတော့ မှ Host အနေ နဲ့ Linux ကို အသုံးပြုသင့်ပါတယ်။
Host ဆိုတဲ့ အဓိပ္ပါယ်က Linux ကို Windows လို Main OS အနေနဲ့ အသုံးပြုတာကို
ပြောတာဖြစ်ပါတယ်။
=========
Ubuntu လေ့လာပြီးလို့ စမ်းသုံးပြီးတဲ့ အခါ တခြား Distribution တွေကို ပြောင်းလဲစမ်းသပ်
အသုံးပြုနိုင်ပါတယ်။Linux ကို ဒီထက်ပိုပြီး သိချင်သွားပြီဆိုရင်
နောက်ပိုင်းမှာ Linux system administration ကို ဆက်ပြီး လေ့လာနိုင်ပါတယ်။
လေ့လာလိုပါက – bnntechlinux.com မှာ လစဥ် တန်းခွဲ များရင် Timetable ကို
ကိုယ်တိုင်လေ့လာနိုင်ပါတယ်။
—————
အနှစ်ချုပ် – Linux ကို အသုံးပြုမယ်ဆိုရင် Computer basic knowledge ရှိဖို့လိုအပ်သလို
Hardware လိုအပ်ချက်က ကိုယ့်အသုံးချမည့် နယ်ပယ်အလိုက် ရွေးဖို့ပဲ လိုတာ ဖြစ်ကြောင်းပါ
ခင်ဗျ။
Thanks for reading
Bo Zin Myo ( Founder & Instructor )
Linux ကို အခြေခံ မှ Linux system administration အထိ အခြေခံ ခိုင်မာစွာ လေ့လာလိုရင် စုံစမ်းရန် –

