Virtual box ကို Linux မှာ Virtual Machine တွေ run ပြီး အသုံးပြုဖို့ Free Hypervisor အနေနဲ့ အသုံးပြုကြပါတယ်။Linux user တွေအများဆုံး အသုံးပြုကြတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီတခါ Virtualbox ကို Kali Linux ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ 2025.1c မှာ ဖော်ပြပါ ပုံထဲကလို Kernel error ကြုံလာပါက အခုလို အမြန်ဆုံးဖြေရှင်းနိုင်ပါတယ်။ မဖြေရှင်းခင်မှာ BIOS မှာ Secure boot ကို disable လုပ်ဖို့ နဲ့ Virtualization Technology ကို enable လုပ်ဖို့ လုံးဝမမေ့ဖို့ လိုပါတယ်။ဒါတွေလုပ်ပြီးပြီဆိုရင် –
၁ ။ Kali Linux မှာ Terminal ဖွင့်ပြီး update လုပ်ရပါမယ်။
sudo apt updat -y
၂။ sudo /sbin/vboxconfig
ဒီ cmd လေး run ပြီး ပြန်ဖွင့်ကြည့်ပါ၊ ထပ်ဖြစ်နေသေးတယ်ဆိုရင်
၃။ sudo apt install linux-headers-$(uname -r)
ဒီ command run ပြီး
၄။ sudo reboot
system ကို reboot လုပ်ပြီး ပြန်တက်လာတဲ့ အခါ Vbox က VM ကို ပြန်ဖွင့်ပြီး သုံးနိုင်ပါပြီ။
Linux ကို အခြေခံ မရှိလည်း လေ့လာနိုင်မည့် သင်တန်း တန်းခွဲတွေကို လစဥ်ဖွင့်ပေးထားပါတယ်။ Linux basic to Linux system administration ကို သင်ရမှာဆိုတော့ လုပ်ငန်းခွင် အထိပါ အသုံးဝင်သွားမှာပါ။စိတ်ဝင်စားလို့ Join ချင်တယ်ဆိုရင် ဒီလ တန်းခွဲတွေကို လေ့လာနိုင်ပါတယ်။
သင်တန်း စုံစမ်းရန် ။။။။ နှိပ်ပါ

