Learn site to site vpn

ဒီ Post မှာ Vpn topology တွေများထဲက မှ site to site vpn အကြောင်းကို ဗဟုသုတ အနေနဲ့ ပြောပါပေးသွားမှာပါ။လူအများက vpn ဆိုတာနဲ့ ဝင်မရတဲ့ Website တွေ channel တွေကို ကြည့်ရဖို့ပဲ မျှော်လင့်ကြထင်ကြမှာပါ။ ဒါလည်း မမှားပါဘူး၊ ဒီ Post မှာတော့ ဒီထက်ပိုပြီး အလုပ်တွေမှာ အသုံးပြုလေ့ရှိတဲ့ Vpn က ဘယ်လိုမျိုးလဲဆိုတာပါ သိစေချင်တာမို့ အခု ဖတ်နေတဲ့ သူတွေဟာ IT beginner တွေဆိုရင် ဗဟုသုတ ရမှာပါ။

ဒီတော့ ဆက်လေ့လာကြည့်ရအောင်ပါ။ Site to Site vpn ကို မြင်ကြည့်ရရင် အမျိုးတို့မှာ Company ရှိတယ် ရုံးခွဲ ၃ ခုလောက်ခွဲထားတယ် ၊ ရုံးတိုင်းမှာ server တွေရှိတယ် ဆိုပါတော့။ ရုံးခွဲတွေအချင်းချင်း Data ပေးပို့မယ် ဘယ် connection ပေါ်ကလည်းဆိုတော့ internet ပေါ်က နေပေးပိုမယ် ၊ ဒါတင်မက သေးပါဘူး ရုံးခွဲ ၁ က server ကို ရုံးခွဲ ၃ က IT တယောက်က Client computer တလုံးနဲ့ Site to site vpn ကိုသုံးပြီး Remote လုပ်ခါ Manage လုပ်နေလို့ရမယ်ဆိုတော့ ရုံးခွဲ ၃ ကနေ ရုံးခွဲ ၁ ဆီ လူကိုယ်တိုင် သွားစရာမလိုတော့ဘူးပေါ့၊ ဒါဆို Site to Site vpn ရဲ့ သဘောက ရုံးခွဲတွေဟာ တနိုင်ငံတည်း မှာ ရှိနေစရာ မလိုသလို same network လည်း ဖြစ်နေစရာ မလိုပါဘူး ၊ internet ရနေရုံနဲ့ Office တစ်ခုမှ တခု ဆီသို့ Manage လုပ်နိုင်ပါတယ်၊ အခုလို နေရာမှာ ဒီ VPN topology ကို များစွာ အသုံးပြုလေ့ရှိပါတယ်။

ဒီလို အသုံးပြုချင်တယ်ဆိုရင် Linux server တွေကို အသုံးပြုသူများအနေနဲ့တော့ Openvpn server တွေကို အသုံးပြုနိုင်ပါတယ်။ ဒီလို setup တွေလုပ်ဖို့အတွက် ကြားခံ အနေနဲ့ Cloud VM , VPS တွေ အသုံးပြုကာ Openvpn server setup တွေကို ပြုလုပ်ကြပြီး အသုံးပြုကြပါတယ်။

ဒီလောက်ဆိုရင် Site to Site VPN Topology ရဲ့ အကြောင်းနဲ့ အသုံးဝင်ပုံတွေကို သိရှိသွားမယ်လို့ထင်ပါတယ်။

အောက်ဖော်ပြပါ Video နဲ့လည်း ကြည့်နိုင်ပါတယ်။

Linux ကို အခြေခံ မရှိလည်း လေ့လာနိုင်မည့် သင်တန်း တန်းခွဲတွေကို လစဥ်ဖွင့်ပေးထားပါတယ်။ Linux basic to Linux system administration ကို သင်ရမှာဆိုတော့ လုပ်ငန်းခွင် အထိပါ အသုံးဝင်သွားမှာပါ။စိတ်ဝင်စားလို့ Join ချင်တယ်ဆိုရင် ဒီလ တန်းခွဲတွေကို လေ့လာနိုင်ပါတယ်။

စုံစမ်းရန် > နှိပ်ပါ

Leave a comment