Fedora 41 မှာ fonts install လုပ်တော့မယ်ဆိုရင် အခုနည်းလမ်း အတိုင်း မည့်သည့် Linux Distros မဆို အသုံးပြုနိုင်ပါတယ်။
အရင်ဆုံး Myanmar unicode fonts တွေကို
ဒီလင့် ကနေ အရင် ဆုံး Download ယူနိုင်ပါတယ်။
Download ရန် ။ https://t.me/bnntech/983
Unicode fonts တွေ collect လုပ်ပေးထားတဲ့ Original uploader
ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။
ဒီတော့ Download ပြီးရင် ဆက်သွားကြမယ်ဗျ …
ပုံလေးကို အရင်ကြည့်ပါဗျ။

ကျနော်သုံးထားတဲ့ Command မှာ တွေ့ရတဲ့ command အသုံးပြုပုံကို
အရင် ရှင်းပြပါမယ်။
cmd :
sudo cp -r Documents/Fonts_collections /usr/share/fonts/
ဒီ command မှာ sudo ကို သုံးရခြင်းက normal user ကနေ copy paste လုပ်
ရမှာမို့ sudo သုံးရပါတယ်။
cp command ကတော့ copy ဆိုတဲ့ အဓိပ္ပါယ်ပါ။
-r ဆိုတဲ့ option ကို သုံးရခြင်းက
Documents/Founts_collections ဆိုတဲ့ dir တခုလုံးကို copy ကူးရမှာမို့
မဖြစ်မနေ ထည့်ကို ထည့် ရမည့် option ပါ။
/usr/share /fonts/ ဆိုတဲ့ dir_path ကတော့ copy ကူးခဲ့တဲ့ Fonts_collections ဆိုတဲ့
dir ကို ထားမယ့် ( paste ) နေရာပါ။
ဒါက command အဓိပ္ပါယ်ပါ။
အခုလို command ကို အသုံး ပြု ပြီးတာနဲ့ ညီကိုမောင်နှမတို့ရဲ့
Linux system မှာ Myanmar unicode fonts ကို စတင်အသုံးပြုနိုင်ပါပြီ။
—-
ဒီလ မှာ Linux အခြေခံ ကနေ Linux system administration တက်ရောက်လိုသူများ
အနေနဲ့ Linux အခြေခံ လုံးဝ လုံးဝ တတ်ထား သိထားစရာမလိုပါ။
လေ့လာချင် တယ် Join ချင်တယ် ဆိုရင်
ဒီမှာ စုံစမ်း ပြီး အခုပဲ အပ်လို့ရပါပြီ။ လစဥ် တန်းခွဲများ ဖွင့်ပေးထားပါတယ်ဗျ။

