Local network ( same network ) မှာရှိနေတဲ့ Ubuntu computer အချင်းချင်း Network ပေါ်မှာ Remote လုပ်ချင်တဲ့ အခါ အခုနည်းလမ်းအတိုင်း လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းက တခြား Software တွေ installation ထပ်ပြီး ပြုလုပ်စရာလိုတာမို့ ပိုပြီးအဆင်ပြေမှာပါ။
ဒီနေရာမှာ ကျနော်တို့ ၂ ပိုင်း စဥ်းစားဖို့လိုပါတယ်။
ပထမ ဦးစွာ Server အခြမ်းကို အရင် Setup လုပ်ပါမယ် ၊ Remote Server side လို့ခေါ်ပါတယ်။
Remote Server Side
ဒီ အပိုင်းမှာ ကျနော် Screenshot နဲ့အတူ လုပ်ပြထားတာမို့ တပုံချင်းစီကြည့်နိုင်ပါတယ်။
အရင်ဆုံး Remote server ပြုလုပ်မယ့် Ubuntu ရဲ့ Setting ထဲကိုသွားပါမယ်။
Setting ထဲရောက်ပြီဆိုတာနဲ့ Sharing ကို သွားပြီး အပေါ်နားလေးက Sharing ဆိုတဲ့ ခလုပ်ကို enable လုပ်ပေးပါ။အောက်က ပုံမှာ ကြည့်ပါ။

ထို့နောက် Remote Desktop ဆိုတာကို နှိပ်လိုက်ပြီး ၊ အခု အောက်မှာ ပြထားတဲ့ ပုံတိုင်း တခုချင်းစီလိုက်ပြီး Enable လုပ်စရာရှိတာလုပ် အမှန်ခြစ် on စရာရှိတာ on ပြီးရင် ၊ အောက်ဆုံးမှာ username and password ပေးပါ၊ ဒါက Client က remote ဝင်တဲ့အခါ ရိုက်ထည့်ရမည့် username နဲ့ password ပါ။

ဒီအဆင့်ပြီးတဲ့အခါ နောက်ဆုံးအနေနဲ့ အခု အောက်မှာ ပြထားတဲ့အတိုင်း တခုချင်းစီ Verify လုပ်ပေးပါ။

ထို့နောက် Remote server ဖြစ်တဲ့ Ubuntu ရဲ့ IP address ကို မှတ်ထားပေးပါ။ Ip ကို ဒီအတိုင်းကြည့်နိုင်ပါတယ်။ ” ip a OR ifconfig ” ဆိုတဲ့ command နဲ့ ကြည့်ပါ။ ဒါဆိုရင် Remote server ဖြစ်တဲ့ Ubuntu side က လုပ်ဆောင်တာပြီးပါပြီ။
Client Side
ဒါကတော့ Client side မှာရှိတဲ့ Ubuntu Computer က လုပ်ရမည့် အပိုင်းပါ။ဆိုတော့ Ubuntu ရဲ့ Software တွေထဲမှာ Remmina ဆိုတဲ့ Application ကို ဖွင့်လိုက်ပါ။ ဒီ Application က Ubuntu ကို installation လုပ်ကတည်းက ပါပြီးသားဖြစ်တာမို့ ထပ်ပြီး install လုပ်စရာမလိုပါဘူး။

Remmina Application ကို ဖွင့်လိုက်တာနဲ့ Remote server ဖြစ်တဲ့ Ubuntu computer ရဲ့ Ip ကို ဖော်ပြပါ ပုံအတိုင်း ထည့်ပြီး Enter ခေါက်ခါ ချိတ်ဆက် အသုံးပြုနိုင်ပါပြီ။

အခုပြောပြပေးတာကတော့ Ubuntu အချင်းချင်း Same Network ပေါ်က နေ Remote ပြုလုပ်နည်းကို အဆင့် ဆင့် ပြောပြသွားတာဖြစ်ပါတယ်။
စာဖတ်သူ မိတ်ဆွေများကို ကျေးဇူး တင်ပါတယ်။ Share ပြီးတော့လည်း အားပေးနိုင်ပါတယ်။
Linux ကို အခြေခံ ကနေ Linux system administration ကို လေ့လာလိုသူ မည်သူမဆို လစဥ် တက်ရောက်နိုင်တဲ့ တန်းခွဲတွေကို click here ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

