Bash script 2

Data entry

ဒီအပိုင်းမှာ user က data ထည့် ရမှာနဲ့ file တစ်ခုထဲမှာ ရှိနေတဲ့ content တွေ stream တွေကို ရွေးထုတ်ခြင်း ဖတ်ခြင်း ကြည့်ခြင်း အကြောင်း အရာတွေပါဝင်မှာဖြစ်ပါတယ်။

Data entry မှာတော့ အဓိက ဆိုလိုချင်တာက script file ကို run လိုက်တာနဲ့ user က data ထည့်ရတာမျိုးပါ။ Form တွေ user information တွေ့ ဖြည့် စေလိုတဲ့ အခါမှာ အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုရမည့် command တွေကို ဆက်လက် ဖော်ပြပေးထားပါတယ်။

read command

read command ကို အသုံးပြုတဲ့အခါ အများအားဖြင့် user input data ကို variable သတ်မှတ် ပြီး Data entry လုပ်တာများပါတယ်။ အောက်ဖော်ပြပါ နမူနာ script ကို လေ့လာကြည့်ရအောင် ….

ဒီနေရာမှာ ထပ်ပြီး ပြောပြပေးချင်တာက script တွေရေးတဲ့ အခါ ကိုက ဘယ်လို Output မျိုးကို လိုချင်တာလည်း အရင် စဥ်းစားထားဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ Output ကို ရဖို့အတွက် ပဲ command တွေကို အစီစဥ်တကျလုပ်ရတာဖြစ်ပါတယ်။

ဒီပုံလေးမှာ ဆိုရင် 1 and 2 ဆိုပြီး ၂ ပိုင်းကို တွေ့ကြမယ်ထင်တယ်။

၁ သည် user က script ကို run လိုက်တာ နဲ့ Data ထည့်ရမည့် အပိုင်းဖြစ်ပါတယ်။ ဒါက ကိုလိုချင်တဲ့ ပုံစံကို ဖန်တီးထားတာမျိုးပါ။

ပုံမှာဆိုရင် Script ကို user က run လိုက်တာနဲ့ First Name ဆိုတာနဲ့ username ထည့်ပေးရတာမျိုး၊ ဒီပုံစံက ဖောင် ” Form ” တစ်ခုပါ။ ဒီမှာဆိုရင် First Name ကို Bo ဆိုပြီးဖြည့်သွားတယ် ပြီးရင် Last name ကို Zin Myo ဆိုပြီး ဖြည့်သွားတယ် တောက်လျောက် user ထည့်သွားတဲ့ data တွေကို variable အဖြစ် မှတ်ထားပြီး နောက်ဆုံး Information တွေအားလုံး စုပြီး output ထုတ်ပြီး ပြန်ပြတဲ့ ပုံစံလုပ်ထားတာပါ။

၂ ကတော့ script ထဲမှာ ရေးထားတာတွေကို ကြည့်ပြထားတာပါ။

read command ကို သုံး ပြီး နမူနာ ပုံစံ script ရဲ့ output ပါ။ ဒီမှာဆိုရင် read ရဲ့ syntax က

read -n|-p|-s {variable} ဖြစ်ပါတယ်။

ကျနော် ရေးထားတဲ့ အပေါ်ဆုံး နမူနား ပုံစံ First Name ကို ရှင်းပြရင် အားလုံး အတူတူပဲဆိုတာသဘောပေါက်သွား.မှာပါ။ လိုက်၇ေးကြည့်ရင်တော့ ပိုသဘောပေါက်ပါလိမ့်မယ်။

read -p “First Name: ” first

ဒီ command မှာဆိုရင် p သည် ဖော်ပြလိုတဲ့ စကားလုံးတွေ သုံးနိုင်ပါတယ်။ : နဲ့ ” ကြားမှာ space ခြားဖို့လိုပါမယ်။အဲ့ဒီနေရာသည် user data ထည့်မည့်နေရာပါ။ user ထည့်လိုက်တဲ့ data သည့် ” အနောက်မှာ ရှိတဲ့ first ဆိုတဲ့ variable ရဲ့ တန်ဖိုးဖြစ်သွားမှာပါ။

First Name မှာ Bo ဆိုပြီးထည့်လိုက်တော့ ဒီလိုဖြစ်သွားတာပေါ့ -> first=Bo ဒါမျိုးပါ။

နောက်ဆုံး Your information အားလုံးကို ထုတ်ပြချင်တော့ အခုလို Variable တွေကို အားလုံးပေါင်းပြီး ပြန်ပြလိုက်ရုံပါပဲ။

ဒီလောက်ဆိုရင် Data Entry နဲ့ ပါတ်သတ်ပြီး read command ကို အသုံးပြုသွားတာကို ရသွားမယ်လို့ထင်ပါတယ်။

နောက်ထပ်လည်း ရေးပါအူးမယ်။ Love you guys <(“)

Linux ကို Basic to Linux system administration အထိလေ့လာလိုသူများအတွက် Linux အခြေခံ လုံးဝ တတ်ထားလာဖို့ မလိုတဲ့သင်တန်းကို 7|8 October 2024 မှာ စတင်တော့မှာဖြစ်ပါတယ်။

သင်တန်းစုံစမ််းရန် > CLICK HERE

Leave a comment