Own VPN server

ကိုယ်ပိုင် VPN server အသုံးပြုဖို့ အရမ်းလွယ်ကူတဲ့
Outline VPN
သင့်မှာ Cloud VM | VPS တစ်ခုခုများ ရှိခဲ့မယ်ဆိုရင်
၅ မိနစ် အတွင်း vpn server တစ်လုံးကို ဖန်တီးနိုင်ပါတယ်။
Outline vpn server setup ပြုလုပ်ဖို့

သိထားရမှာ ၂ ပိုင်း ရှိတယ် server ပိုင်း နဲ့ Client အပိုင်းပါ ။ အရင်ဆုံး Server အပိုင်းကို ပြောပြပါမယ်။

၁ ။ Server Side

  • အရင်ဆုံး လိုအပ်တာတွေက
  • Cloud VM or VPS ( cloud computing knowledge ရှိရပါမယ်။)
  • Cloud Firewall ( Firewall knowledge ရှိရပါမယ်။)
  • Linux system ( Linux command knowledge ရှိရပါမယ်။)
  • Outline Manager setup ( Outline Manager for Linux )

အပေါ်က အချက်တွေ ပြည့်စုံပြီဆိုရင်

Linux cloud VM ကို ssh ဖြင့် ချိတ်ထားပေးပါ။ ပြီးရင် firewall port ကို 1024 to 65535 အထိ allow လုပ်ထားပေးပါ။

ပြီးရင် Linux user တွေအတွက် Outline Manger setup script ကို Outline website ကရယူပြီး မိမိ တို့ Local Linux OS မှာ script ကို run ပြီး အောက်က ပုံမှာ ပြထားတဲ့ box ရဲ့ ဘယ်ဘက် ခြမ်းမှာ ရှိတဲ့ + ကို နှိပ် ပြီး Setup စတင်နိုင်ပါပြီး ။ ရွေးရမှာက ” setup outline anywhere ” ပဲဖြစ်ပါတယ်။

SET UP ကို နှိပ်ပြီးပါက Instruction Box ထပ်ပေါ်လာပါလိမ့်မယ် အခုလိုပါ။

1 and 2 တွေ့ရပါလိမ့်မယ်။ 1 မှာ ရေးထားတဲ့ command တွေအားလုံး တခုမကျန် copy ကူးပြီး ။ ssh နဲ့ ခေါ်ထားတဲ့ Cloud Linux VM မှာ paste လုပ်ပြီး run လိုက်ပါ။

( မှတ်ချက် ။ Firewall port တွေ add ထားရမယ်နော် )

အဲ့ဒီနောက် 2 မှာ ပြောထားသလိုပဲ 1 ကို run လိုက်လို့ ရလာတဲ့ Output တွေထဲမှာ “{“apiurl” နဲ့ စတဲ့ output ကို copy ကူး ပြီး No . 2 box ထဲ paste ပြီး Done နဲ့ လိုက်တာ နဲ့ Outline vpn server setup ပြီးသွားပါပြီ။

အဲ့ဒီနောက်မှာ – Key တွေ add ပြီး share logo လေးနှိပ်လိုက်တာနဲ့ Client က ချိတ်ဖို့ အတွက် Key ရလာပါလိမ့်မယ်။ ဒါကတော့ Server Side ပဲဖြစ်ပါတယ်။

၂ ။ Client side မှာတော့

ဖုန်းအတွက် သက်ဆိုင်ရာ store ကနေ outline vpn client ဆိုပြီး ရှာ ပြီး install နိုင်ပါတယ်။ Install ပြီး လို့ Software ဖွင့်လိုက်တာနဲ့ server က share ထားတဲ့ Key ကို ထည့်ပြီး add လိုက်တာနဲ့ connect လုပ်ပြီး အသုံးပြုလို့ရပါပြီ။

ဒါကတော့ Outline VPN server and Client Setup အကြောင်း ပြောပြပေးသွားတာဖြစ်ပါတယ်။ Knowledge sharing တစ်ခုသာဖြစ်ပါတယ် လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်သလို traffic ပေါ်မူတည်ပြီး Cloud server ရဲ့ ကုန်ကျ စားရိတ်ကို ကိုယ်တိုင် တွက်ချက်ဖို့ လိုအပ်ပါတယ် ပြောရင်း နောက် Post တွေမှာ ပြန်တွေ့ကြပါမယ်။

Linux သည် ၂၁ ရာစု မှာ နေရာ တိုင်း နည်းပါး လိုအပ်လာပြီမို့ Linux ကို အခြေခံ ကနေ Linux system administration ကို သေချာလေ့လာလိုသူ များအတွက် အထူးရည်ရွယ်ပြီး ဖွင့်ပေးထားတဲ့ Class ကို ဒီလမှာ Join နိုင်ပါတယ်။

Class အမည်က Linux special class ပါ။

Class Detail – CLICK HERE

Free Key for you
20GB available >>>>> SCAN Below

Leave a comment