SSH experience တစ်ခါမှ မရှိဘူး အသုံးမပြုဖူးသူများဆိုရင် ဒါလေးဖတ်ပြီး experience ရယူနိုင်ပါတယ်။
ကျနော်တို့ ဟာ အမြဲတမ်းသိပြီး သား အရာတွေအတွက် လွယ်ကူနေပေမယ့်
Beginner တွေကို မေ့မေ့သွားတက် ကြပါတယ် ။ ဒါကြောင့် Beginner တွေအတွက် experience ရနိုင်ဖို့ပါ။
Beginner တွေအတွက် ssh basic experience ရဖို့ အခု command လေးနဲ့ Rocky cloud server ထဲကို ဝင်ရောက်ပြီး command တွေစမ်းသပ် အသုံးပြုနိုင်ပါတယ်။
Windows user တွေဆိုရင် Power shell က အသုံးပြုနိုင်ပါတယ်။ လက်ရှိ Linux user ဆိုရင်တော့ Terminal ကနေအသုံးပြုနိုင်ပါတယ်။ Phone user ဆိုရင် Termux အသုံးပြုနိုင်ပါတယ်။
(Termux အသုံးပြုနည်းကို Youtube မှာ လေ့လာနိုင်ပါတယ်။)
About SSH
SSH ( Secure SHELL ) ကို အရှင်းဆုံးပြောရရင် Linux server တွေကို remote လှမ်းဝင် ပြီး အသုံးပြုတာ ကို မှ CLI ( command line interface )နဲ့ အသုံးပြုတာ Remote လှမ်းဝင်မယ်ဆိုတော့ GUI ( Graphical User Interface ) နဲ့ မြင်ရမှာမဟုတ်ပါဘူး ပြောရရင် ရုပ်မမြင်ရဘူး ၊ text only ပဲ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်၊ ရုပ်မကြည့်ချင်ဘူး စာဖတ်ချင်တဲ့သူတွေ သုံးတာပေါ့ဗျာ။
အစ အဆုံးပြန်ပြောရရင် –
Linux server တွေ Desktop တွေကို remote ဝင်ပြီး အသုံးပြုခြင်းမျိုးကိုမှ
GUI မှာလို system တစ်ခုလုံးကို ထိန်းချုပ် နိုင်ဖို့ GUI နဲ့မဟုတ်ပဲ
CLI နဲ့ system ကို ထိန်းချုပ် အသုံးပြုခြင်းမျိုးပါ။
GUI မှာဆိုရင် Computer ကို Login username and Password
အသုံးပြုရသလိုပဲ
SSH မှာလည်း Login username and Password လိုပါတယ်။
ဒါကို Login shell လို့ခေါ်ပါတယ်။
Cloud server ကို ချိတ်ဆက် အသုံးပြုဖို့အတွက် ဒီ command လေးရိုက်ပါ။
ssh mystd@172.210.58.246
(passwordတောင်းလာတဲ့အခါ – mystd – ကို ရိုက်ပါ)
ssh သည် command ဖြစ်ပြီး – @ အရှေ့က mystd သည် Linux system ထဲမှာ ရှိနေတဲ့ Username ပါ၊ 172.210.58.246 ကတော့ Linux server ရဲ့ Ip address ပဲဖြစ်ပါတယ်။
မှတ်ချက် ။ Linux အသုံးပြုသူတိုင်းသည် မိမိတို့ username တွေ Password တွေကို လျို့ဝှက်သိမ်းဆည်း ထားဖို့ လိုပါတယ် ။ username password သိတာနဲ့ shell အထိ ပါ ဝင်ရောက်အသုံးပြုနိုင်တာမို့ server တွေအတွက်သတိထားရမည့်အချက်ထဲမှာပါပါတယ်။
ဒီ Post လေးကတော့ ဒီလောက်ပါပဲခင်ဗျ။ Beginner Level မှာ SSH အကြောင်းကို လေ့လာလွယ်မယ်လို့မျှော်လင့်ပါတယ်။
လစဥ် သင်ယူနိုင် မည့် Linux special class ကိုလည်း တက်ရောက်နိုင်ပါတယ်။
Linux basic to Linux system administration class
Class info : ENROLL

