Bash Script 1

ရှေ့ Post တစ်ခုဖြစ်တဲ့ About bash script မှာတော့ Bash script အကြောင်းလေးတွေကိုပြောပြထားပြီးပါပြီ။ Old POST

အခု Post မှာတော့ shell အမျိုးအစား အကြောင်းလေးတွေနဲ့ Script ဖိုင် ထဲမှာ အသုံးပြုရတဲ့ variables တွေနဲ့ အသုံးပြုပုံ ၊ run ပြီး ဘယ်လိုသုံးရသလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။

Shell အမျိုးအစားများ

လိုရင်း ပြောရရင် Shell အမျိုးအစားတွေ အများကြီး ထဲကမှ လူသိများ တဲ့ Shell တွေကို ပြောရရင် –

1 . Bourne-Again Shell ( Linux distributions အများစုမှာ Default shell အနေနဲ့ ပါဝင်တဲ့ Bash Shell )

2 . Korn shell ( Ksh )

3 . C shell ( csh )

4. Zsh ( extended bash )

.etc

အခုဖော်ပြတဲ့ shell အမျိုးအစားတွေအများကြီး ထဲကမှ Bash shell ဟာ Linux distributions တွေများစု မှ မြင်တွေ့ရမည့် Shell ပါ။ သူ့မှာ ပါဝင်တဲ့ အသုံးပြုပုံတွေ shell usage တွေဟာ user friendly ဖြစ်တာမို့ Distributions တွေမှာ Default shell အဖြစ်မြင်တွေ့ရတာလည်း အထူး အဆန်းတော့မဟုတ်ပါဘူး။

Shell ဟာ basic programming Language တစ်ခုဆိုလည်း မမှားပါဘူး ။ ဒါပေမယ့် shell command တွေကို နားလည်မှ သာ shell script တွေကို ရေးသားအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Shell basic Knowledge

shell script တွေကို ရေးသား အသုံးပြုတော့မယ်ဆိုရင် variables တွေ shell script ကို ဘယ်လို run ပြီး အသုံးပြုရမလဲ ဆိုတာတွေက စသင်ဖို့လိုပါမယ်။

ဒီ Post မှာကတော့ basic shell script file ပြုလုပ်ပုံနဲ့ Variables အသုံးပြုနည်းတွေကို လေ့လာသွားရမှာပါ။

အရင်ဆုံး သိထားဖို့လိုတာက shell script file ရဲ့ extension သည် “example.sh” .sh file ဖြစ်ဖို့လိုပါတယ်။ ဒီ ဖိုင်လေးကို edit လုပ်ဖို့ file ထဲမှာ script တွေ ရေးဖို့ဆိုရင်လည်း file editor လိုပါမယ်။ Linux user အများစုက တော့ Vim editor ကို အသုံးပြုကြလေ့ရှိပြီး မိမိတို့ ကြိုက်နှစ်သက်တဲ့ file editor or file editing software တွေကို အသုံးပြုနိုင်ပါတယ်။( အရင်ဆုံး file editor နဲ့ file name က example.sh ဖြစ်ဖို့ပေါ့ )

example.sh ဆိုတဲ့ ဖိုင်မှာ စပြီး edit လုပ်မယ် Script တွေရေးတော့မယ်ဆိုရင် first line မှာ မဖြစ်မနေထည့် ပေးရမှာက ” shebang ” ဟုတ်ပါတယ် ။

example :

#!/usr/bin/env bash ( bash script ရေးမယ်ဆိုရင် ဒီလို )

#!/usr/bin/env ksh (ksh ရေးမယ်ဆိုရင် ဒီလို )

#!/usr/bin/env python ( Python ရေးမယ်ဆိုရင် ဒီလို )

အခုလိုမျိုး script file တွေရဲ့ အစ စာကြောင်းမှာ ထည့်ပေးရပါတယ်။ ဒါကို Shebang လို့ခေါ်ပါတယ်။ ပြောချင်တာက ဒီဖိုင်က ဘာ အတွက်ရေးထားပါတယ် ဆိုတဲ့ အကြောင်းကို program path ပေးလိုက်သလိုပါပဲ။

ဒီလောက်ဆိုရင် example script file တစ်ခုကို စပြီး ဖန်တီး ပြီး run နိုင်ပါပြီ။ Try ကြည့်ရအောင်

Example :

  • script name = example.sh

example.sh ဆိုတဲ့ ဖိုင်လေးထဲမှာ vim editor သုံးပြီး ဒီလိုလေး ပြင်ကြည့်ကြမယ်။

vim example.sh

$ chmod +x exmple.sh ( permission change တာပါ)

$ ./example.sh ( စပြိး run ပါပြီ )

hello world ( script file ထဲမှာ ရေးခဲ့ တဲ့ hello world ဆိုတဲ့ output ပါ)

Variables

တန်ဖိုး သက်မှတ် မယ်လို့ ဆိုလိုချင်တာ ပြောရရင် ” /usr/share/fonts/mmfont ” ဆိုတဲ့ dir path ဟာ အရမ်းရှည်တယ် ဒါ့ကြောင့် “font=/usr/share/fonts/mmfont” ဆိုပြီးသတ်မှတ်လိုက်တဲ့သဘောပါ။ ဒီနေရာမှာ “font” သည် variable ဖြစ်ပြီး “/usr/share/fonts/mmfont” သည် Values ဖြစ်ပါတယ်။ ဒီ Variable ကို script file ထဲမှာ တကြိမ် သတ်မှတ်ထားရုံနဲ့ script ဖိုင်ရဲ့ ဘယ် စာကြောင်းဘယ်နေရာမှာမဆို ” $font” ဆိုတဲ့ variable ကို အကြိမ်ကြိမ် အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်။ Variable name တွေကို script file ထဲမှာ အသုံးပြုတဲ့အခါ ” $ ” တွဲပြီး အသုံးပြုရပါမယ်။ eg “$font”

$font လို့ script ထဲ မှာ ရေးခဲ့ပေမယ့် script ဖိုင်ကို run ပြီး အသုံးပြုတဲ့အခါ “/usr/share/fonts/mmfont” ဆိုပြီး output မြင်ရမှာဖြစ်ပါတယ်။

Example variable

အခုလို script file ထဲထည့်ပြိး save ပြီး run လိုက်မယ်ဆိုရင် ဒါမျိုး output ရလာမှာဖြစ်ပါတယ်။

$ ./example.sh

Myanmar font path is here /usr/share/fonts/mmfont

ဆိုပြီးရလာမှဖြစ်ပါတယ်။ ဒါကတော့ Variable အကြောင်းကို ပြောပြပေးသွားတာဖြစ်ပါတယ်။နောက် Post တွေမှာ ပြန်တွေ့ကြမယ်ဗျာ ..

=========== ====== =========

Linux basic to Linux system administration class

Linux ကို အခြေခံ မှစပြီး Linux system administration အထိလေ့လာ ဖို့ Linux အခြေခံ ရော Knowledge ပါ လုံးဝ ရှိထားဖို့ တတ်ထားဖို့ မလိုတဲ့ သင်တန်းကို ရှာနေတယ်ဆိုရင် လစဥ် ဖွင့်ပေးနေတဲ့ Linux special class တန်းခွဲတွေကို Join နိုင်ပါတယ်။

Class info >>>>>>>>>>>>> ENROLL TODAY

Leave a comment