Bootstick လို့ပြောလိုက်တာနဲ့ နည်းပညာ သမားတွေ သိကြပေမယ့် အခုမှ နည်းပညာကို စလေ့လာခါစ ညီကိုမောင်နှမတွေက ဒါကို မသိသေးတာမို့ Bootstick ဆိုတာဘာလဲဆိုတာကနေ စပြီး ပြောပြပါရစေ။
Bootstick ဆိုတာ OS ( Operating System ) Install မပြုလုပ်ခင်မှာ မိမိ တို့ ကြိုက်နှစ်သက်ရာ OS ကို Boot တက် အသုံးပြုနိုင်ဖို့အတွက် အထောက်အကူဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရတာမျိုးပါ။ အရင်ကဆို Windows CD တွေကို ဆိုင်တွေကနေ ၁၀၀၀ ကျပ် ၂၀၀၀ ကျပ် ပေးဝယ်ဖူးကြမယ်ထင်ပါတယ်။ နောက်ပိုင်းမှာတော့ Computer MotherBoard တွေနဲ့ BIOS တွေရဲ့ Tech မြင့်လာတာကြောင့်ရင် Computer တွေမှာ CD Drive တွေမပါလာကြတော့တဲ့ အခါ USB Stick ကို CD နေရာ အစားထိုးပြီး Windows installation လုပ်ဖို့ အတွက် အသုံးပြုလာကြပါတယ်။ ဒီတော့ OS install မလုပ်ခင်မှာ USB Stick ကို Boot Stick အဖြစ် ပြောင်းလဲဖို့ အတွက် Software တွေအသုံးပြုရပါတယ်။ ၄င်း software တွေကို USB bootstick maker တွေလို့ ခေါ်ကြပါတယ်။ Software တွေအသုံးပြုပြီး USB Bootstick လုပ်ပြီးမှသာ Windows installation လုပ်တာတို့ Linux OS installation လုပ်တာတို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီတော့ အဲ့ဒီလို Bootstick ပြုလုပ်လို့ရမည့် Bootstick software လေးအကြောင်းကို ပြောပြချင်ပါတယ်။
Ventoy
Ventoy ဟာ Multi-Bootstick making software တစ်ခုပါ။ ဘာဖြစ်လို့ Multi-Bootstick software လို့ပြောရသလဲဆိုရင် USB stick တစ်ချောင်းထဲ မှာ OS တွေအများကြီး ထည့်သွင်း အသုံးပြုလို့ရနိုင်တာကြောင့်ဖြစ်ပါတယ်။ ဥပမာ ဆိုရရင် – ကိုယ့်မှာ USB stick ရဲ့ Size က 128 GB ရှိတယ်ဆိုပါတော့ ဒီထဲကို OS တွေအများကြီးထည့်ဖို့ ဆန့်တဲ့ အနေအထားမို့ အများကြီး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ တကြိမ် သာ Bootstick လုပ်ထားပြီး ကိုယ် အသုံးပြုလိုတဲ့ OS တွေရဲ့ ISO file တွေကို Bootstick ထဲ copy ကူးထည့်လိုက်ရုံနဲ့တင် အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် Ventoy ဆိုတဲ့ Bootstick software ကို Linux , Windows မှာပါအသုံးပြုနိုင်ပါတယ်။ Download ရယူချင်တယ်ဆိုရင်တော့
Ventoy Software > DOWNLOAD
Linux Basic to Linux system administration Class
Ventoy အသုံးပြုနည်း ကို လေ့လာလိုပါက အောက်က Video မှာ လေ့လာနိုင်ပါတယ်။


2 responses to “USB Boot stick Maker”
Thanks for sharing
LikeLike
🐧
LikeLike