Linux system restore utility tool တစ်ခုဖြစ်တဲ့ timeshift အကြောင်း
အချိန် .. အချိန်က စကားပြောတယ်
စကားလည်းပြောတယ် တစ်ချို့သောအရာတွေ
ပြန်ခေါ်လို့ မရတော့ တာတွေရှိတယ် နောက်ကြောင်းပြန်သွားလို့မရတာတွေ ရှိတယ် သို့ပေမယ့်
အခု Post မှာတော့ ပြန်ခေါ်လို့ရတယ် ပြန်သွားလို့ရပါပြီ
အဆန်းပါလား – ဟုတ်တယ်ဗျ လူကြီးမင်းတို့ OS ကို ကလိ လွန်ပြီး
လက်လွန်ခြေလွန်ဖြစ်သွားလို့ ပြန်ပြီး install ရတာတွေဖြစ်ဖူးမယ်ထင်တယ်
အဲ့လို အခြေအနေမျိုးမဖြစ်ခင် OS ကို စပြီး install ပြီးကတည်းက
ဒီ Software လေးနဲ့ Snapshots လုပ်ထားလိုက်မယ်ဆိုရင်တော့
လက်လွန်ခြေလွန်ဖြစ်သွားလည်း restore ပြန်ခေါ်လို့ရတာပေါ့ဗျာ
အဲ့တော့ Install လုပ်နည်းကြည့်လိုက်ရအောင်
လက်ရှိ Ubuntu ကိုသုံးနေသူဆိုရင်တော့
Ubuntu Software Center ကနေ Timeshift လို့ရှာပြီး
လွယ်ကူစွာ install နိုင်ပါတယ်
Ubuntu base OS တွေဆိုရင်တော့ ..
sudo add-apt-repository -y ppa:teejee2008/timeshift
sudo apt-get update
sudo apt-get install timeshift
….
Fedora ကိုသုံးသူဆိုရင်တော့
sudo dnf update
sudo dnf install timeshift
….
Arch base ဆိုရင် လည်း
pacman ကိုသုံးပြီး install နိုင်ပါတယ်
Linux basic to Linux system administration class

