Hello Linux ကို စတင် အသုံးပြုချင်တဲ့ ညီကိုမောင်နှမများ Linux ကိုဘယ်ကစလေ့လာရမှန်းမသိဖြစ်နေရင် ဒါလေးတွေ အရင်လုပ်ပါ။
No . 1
Linux သည် Windows လို Operating System တစ်ခုဖြစ်တာမို့ Windows လိုပဲ မိမိတို့ Computer မှာ Install လုပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ အရပ်စကား အရဆိုရရင် Windows တင်တယ်ပေါ့ဗျာ ။ ဒီတော့ Linux ကို Install လုပ်ပြီး သုံးရအောင်လည်း Windows တောင် ဆိုင်သွား ပြီး တင်သုံးရတာဆိုရင် Linux ကိုလည်း ဆိုင်သွားပြီး Install လုပ်ပါ။ နောက်တခုက ကိုယ်က စမ်းတော့ သုံးချင်တယ် computer မှာ install လုပ်ပြီး မသုံးတက်ဘူးဆိုရင် Virutal Machine တွေနဲ့ အသုံးပြုနိုင်ပါတယ်။
လက်ရှိ Windows သုံးနေတာဆိုရင် Windows မှာ Virtualization တခုခု ကို Install လုပ်ပြီး သုံးနိုင်ပါတယ်။
Windows အတွက်ဆိုရင် – Virtual Box , VMware Workstaion , UTM ( Mac OS ) စသည်ဖြင့် ဒီ software တွေအသုံးပြုနိုင်ပါတယ်။ Virtual box ကို သုံးမယ်ဆိုရင်တော့
ကျနော် YouTube Channel မှာ Playlist ထဲဝင်ကြည့်နိုင်ပါတယ်။
YouTube name: bnntech
VirtualBox installation ပြုလုပ်နည်း ကို ဒီမှာလေ့လာပါ။
No . 2
ကိုယ်အသုံးပြုမည့် Linux OS ကို မရွေးတက်သေးဘူးဆိုရင် ကျနော် Recommend ပေးချင်တာကတော့ Ubuntu OS ကို ပဲ အသုံးပြုစေချင်ပါတယ်။
Ubuntu installation ပြုလုပ်ပုံ နဲ့ အသုံးပြုပုံများ ကို ဒီမှာ လေ့လာနိုင်ပါတယ်။
No . 3
Linux ကို စိတ်ဝင်စား သွားပြီ ဆိုရင် Linux server တွေထိန်းချုပ် ချင်တယ် Linux system administration ကို ဆက်လေ့လာချင်တယ်ဆိုရင်တော့ ကျနော် ရဲ့ Linux special class မှာ Join ပြီးလေ့လာနိုင်ပါတယ် ။ ဒီ Class ဟာ သင်တန်းသား ၂၀၀ ကျော် လေ့လာပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်တန်းရည်ရွယ်ချက်ရယ် Linux system administration ဆိုတာ ဘာလဲဆိုတာ သိနိုင်အောင် ဖော်ပြပါ Home ကို သွား၍ ဖြစ်စေ ဖော်ပြပါ Link တွေနှိပ်၍ ဖြစ်စေ လေ့လာနိုင်ပါတယ်။ Linux special class ကို အားလုံး အဆင်ပြေအောင် ရုံးချိန်လွတ်တွေပဲ လေ့လာရမှာပါ။ ကြိုက်နှစ်သက်ရာ တန်းခွဲတွေကို လစဥ် လေ့လာခွင့်ရမှာမို့ အခုပဲ လေ့လာကြည့်နော် ။ Linux သင်ဖို့ အခြေခံ လုံးဝ တက်ထားစရာမလိုပါ။
Linux basic to Linux system administration class ( Online Live Class + Video Record )
သင်တန်းအကြောင်းသိချင်ရင် ဒီမှာ နှိပ်ပါ >>>>>> Click HERE

