You need to know about Ubuntu

Ubuntu ကို စသုံးဖို့ ဆိုရင် Ubuntu အကြောင်းတော့သိထားဖို့

လိုပါပြီ။

ဒီတော့ အခုပဲ ၃ မိနစ် လောက်အချိန် နဲ့ အမြန်ဆုံးလေ့လာကြည့်မယ်

Ubuntu ကို England, London အခြေစိုက် software company

ဖြစ်တဲ့ Canonical Ltd ( Privately held software company )

က development လုပ်ထားတားတာဖြစ်ပါတယ်။

Ubuntu သည် Open-Source Unix-like Operating System

တစ်ခုဖြစ်ပြီး လက်ရှိမှာ တော့ ကမ္ဘာမှာ Popular အဖြစ်ဆုံး

OS တစ်ခုဖြစ်နေပါတယ်။ ၄င်းကို အသုံးပြုနေတဲ့ နည်းပညာနယ်ပယ်တွေကတော့

Developer , System Engineer , Network Engineer , Cyber Security Engineer,

DevOps , Cloud engineer ,etc .. စတဲ့ နယ်ပယ်အသီးသီးမှာ

သုံးနေကြတဲ့ အပြင် Offices , Schools ,Government ,Personal , Data Center,

Cloud Computing , IoT စတဲ့ နေရာမျိုးစုံမှာသုံးနေကြပြီး အသုံးပြုမည့် နေရာ

အလိုက် Version တွေကိုလည်း ခွဲထားပါသေးတယ်။

ရုံးသုံးကျောင်းသုံး personal သုံးအတွက်ကို – Desktop Version အနေနဲ့ ထုတ်ထားပြီး

Server တွေအတွက် ဆိုပြီးတော့လည်း server version ထုတ်ထားပါသေးတယ်။

Ubuntu ရဲ့ version တွေကို အခုလို လေ့လာနိုင်ပါသေးတယ်။

LTS Releases(Long Term Support ) နဲ့ Interim Releases ( Short Term Support ) ဆိုပြီးတော့ပေါ့။

ဒီ ၂ မျိုးမှာက ဘယ်လိုကွာသွားသလဲဆိုရင်။

LTS သည် stable version လို့တောင်ပြောရပါမယ် ဒီ Version ကို Desktop မှာ ရော Server မှာရော

အသုံးပြုကြပါတယ်။ LTS ပါတဲ့ Version တွေကို သုံးမယ်ဆိုရင် ၂ နှစ်တကြိမ် ၄ လပိုင်း ရောက်တိုင်းမှာ

Version တစ်ခု ထပ်ထုတ်ပေးပါတယ်။

ထွက်သမျှ LTS Version တိုင်းရဲ့ သက်တမ်းဟာ ၅ နှစ်သက်တမ်း ရှိခဲ့ကြပြီး ။ အခုနောက်ဆုံး ထွက်ထားတဲ့

Ubuntu 24.04 LTS ကတော့ ၁၂ နှစ်သက်တမ်းနဲ့ သုံးရမှာဖြစ်ပါတယ်။

အခုလို သက်တမ်းကျန်ရှိနေတဲ့ Ubuntu Version တွေကို Code name နဲ့ မြင်ရမှာပါ။

( Ubuntu 20.04LTS – Focal Fossa , Ubuntu 22.04 LTS – Jammy Jellyfish ,

Ubuntu 24.04 LTS – Nobel Numbat )

Interim Releases ( Short Term Support ) ကိုတော့ နှစ်စဥ် ၁၀ လပိုင်းမှာ ထွက်လေ့ရှိပြီး။

သူ့ကိုတော့ ထွက်သမျှ အသစ်တွေနဲ့ နဲ့ Update ထွက်ထားတာမို့ Stable အနေနဲ့ မသုံးသင့်ပါဘူး။

Developer Version နီးပါးဖြစ်နေတော့ စမ်းသုံးတာ bugs တွေရှိရင် report လုပ်တွေ ကို

Community အတွက် လုပ်နိုင်ပါတယ်။ ( Not recommended version )

Ubuntu ကို အသုံးပြုလိုပါက Official Website က ရယူနိုင်ပါတယ်။

Website : http://www.ubuntu.com

—-

အနှစ်ချုပ်ဆိုရရင် Ubuntu ဟာ Desktop Version , Server Version ( Enterprise Version )

အနေနဲ့ ယနေ့မှာ အသုံးပြုရ အဆင်ပြေဆုံး Open-Source Linux Distributions တွေထဲက

တစ်ခုဖြစ်နေပြီမို့ လူတိုင်း စိတ်ချလက်ချ အသုံးပြုနေနိုင်ပါပြီ ခင်ဗျ။

ယခု Post လေးကို ဒီမှာ ခဏ ရပ်ပါရစေဗျ။

————–

နောက် ထပ် ဘယ်လို အခုလို အကြောင်းအရာတွေနဲ့ Linux နဲ့ ပါတ်သက်ပြီး လေ့လာလိုတာပဲ

ဖြစ်စေ ၊ သင်တန်း တက်ရောက်လိုတာပဲ ဖြစ်စေ BNN TECH မှာလေ့လာနိုင်ပါတယ်။

Linux ကို Basic ကို Linux system administration အထိ အခြေခံ ပိုင်ပိုင် လေ့လာလိုလျှင်

အခုပဲ လစဥ် တက်ရောက်လိုတဲ့ တန်းခွဲကို စုံစမ်း အပ်နှံ နိုင်ပါပြီ။

Thanks for reading …

Bo Zin Myo ( Founder and Instructor )

Website : www.bnntech.wordpress.com

FB : bnntech.mm

Telegram : bnntech

ENROLL TODAY ! > CLICK HERE

Leave a comment