Raspberry Pi for you ( Episode 1 )

ဒီတစ်ခါ စာဖတ်သူတွေ နဲ့ နည်းပညာ လေ့လာနေတဲ့ bro တို့ sis တို့အတွက်

Raspberry pi အကြောင်းလေး စကား စမြည်ကြည့်မယ်ဗျာ ….

Raspberry pi လို့ ကြားလိုက်တာနဲ့ ဒီဘက်ခေတ် နည်းပညာ လူငယ်တွေ နဲ့ အသိုင်းအဝိုင်းကြားမှာ ဂုဏ်သတင်း ကျော်ဇော သူတစ်ဦးပါ ။

သူက လူကောင် သိပ်မကြီးပါဘူး Credit card လေးလောက်ပဲ ရှိတဲ့ Computer အသေးစားလေးပါ။ အသုံးအနှုံး အရ တော့ single-board computer တစ်လုံးပေါ့ဗျာ …

Computer အသေးစားလေးဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့နော်

29 February 2012 က စပြီးထုတ်ခဲ့တာ ခုဆို အိမ်သုံး, ရုံးသုံး , ကျောင်းသုံး , စက်ရုံသုံး , မောင်းသူမဲ့ project တွေအပြင် Data Center တွေမှာ သုံးလာကြပြီဗျာ …

ပြောလို့ ပြောတာမဟုတ် တကယ်သုံးတဲ့ သူတွေကြတော့ သူ့ကို ကိုယ်နဲ့ မကွာ အိပ်ထဲ ထည့်ထည့်သွားတာ အမောဗျို့ … ညွှန်းတာတော့ ဒီလောက်ဆိုတော်ပါပြီ ။

အခုဆက်ပြီးတော့ Raspberry pi ထွက်ရှိထားတဲ့ အမျိုးအစား တွေကို ပြောပြပါမယ် ….

Raspberry Pi ရဲ့ ပထမ မျိုးဆက် ဖြစ်တဲ့ Raspberry Pi Model B ကို 2012 မှာ စထွက်ခဲ့တယ်။

၂၀၁၄ ရောက်တော့ ဒီဇိုင်း တစ်မျိုးနဲ့ Model B+ ,Raspberry Pi 2 ( 2015 ) , Raspberry Pi 3 Model B ( 2016 ) , Raspberry Pi 3 Model B+ ကို ၂၀၁၈ မှာ 1.4 GHz processor နဲ့ launch လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့

၂၀၁၉ လည်းရောက်ရော Raspberry Pi 4 Model B ဆိုပြီး 1.5 GHz 64 bit နဲ့ ထွက်လာပါလေရော …. ဒါနဲ့ Model အလိုက် specification တွေကို တော့ နောက် Episode တွေမှာ ဆက်လေ့လာကြမယ်နော် ခုတော့ ပြောကောင်းကောင်းနဲ့ ကျန်တဲ့ Model တွေ ဆက်ပြောမယ်ဗျ

ထို့နောက် Raspberry Pi 400 ဆိုပြီး ၂၀၂၀ မှာ ထပ်ထွက်လာပါလေရော သူကတော့ ထူးခြားတဲ့ ဒီဇိုင်းနဲ့ ပေါ့ Pi မှာ Keyboard ပေါက်လာတယ်ဆိုပါတော့ mini keyboard လေးထဲမှာ credit card လေးထည့်ထား သလိုပေါ့ဗျာ နှစ်ခုပေါင်းထားတာပါ။

နောက်ထပ် Raspberry Pi Zero ,Raspberry Pi Pico တို့လည်း ရှိပါသေးတယ်ဗျ….

Raspberry Pi Model တွေကတော့ စုံသလောက်ဖြစ်သွားပြီဆိုတော့ နောက် Episode 2 မှာ တွေ့ကြမယ် စာဖတ်သူတို့ ….

Thanks for reading

ဒီလ မှာ Linux Special Class အတန်းသစ် ပြန်စတော့မှာမို့

အခုပဲ Enroll Now လိုက်တော့နော် ….

သင်တန်းစုံစမ်းရန် >> Linux Special Class

Leave a comment