Linux အသုံးပြုသူတိုင်း လိုက်နာ ဆင်ခြင် သင့်သည့်အချက်များ

ဒီတခါ တော့ Linux ချစ်သူတွေအတွက် Linux စသုံးပြီဆိုတာနဲ့ လိုက်နာ ဆင်ခြင်သင့်သည့် အချက်တွေနဲ့ ပါတ်သတ်ပြီး ပြောပြပေးသွားမှာပါ။

Linux ကို လူအများ ကြားမှာ ရေပန်း စားလာတာနဲ့ အမျှ Popular ဖြစ်လာတာနဲ့ အမျှ ယနေ့ခေတ် မှာ လူတိုင်းနည်းပါး Linux ကို သုံးလာကြတာလည်း အားလုံးအသိပဲဖြစ်မှာပါ။ လူပြောများအဆုံး ကတော့ Linux က secure ဖြစ်တယ် Virus အန္တရာယ် ကင်းတယ် ဆိုတာနဲ့ ဂုဏ်သတင်းကြီးတာပါပဲ။ Linux က Secure ဖြစ် တယ် Virus ရန် ကင်းတာတော့ အထိုက်သင့်လျောက်မှန်ပေမယ့် Linux ကို အသုံးပြုသူရဲ့ အမှားတွေကြောင့်လည်း စနစ်တစ်ခု လုံး ပျက်စီးတက်ပါသေးတယ် ဒီအချက်ကတော့ ကျွမ်းကျင်မှုရယ် လိုက်စားမှုရယ် ကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီတော့ ဘယ်လို အမှားတွေကြောင့် စနစ် ပျက်စီး အချက်အလတ် ဆုံးရှုံးရလည်းဆိုတာ ကြည့်ကြရအောင်ဗျာ …

၁။ မိမိ အသုံးပြုနေသော username > password အား သူများကို အလွယ်တကူပေးခြင်း။ ဒီအချက်ကတော့ Linux user ဟာ end user ဖြစ်နေမယ်ဆိုရင် ဒါကိုလုံးဝ မလုပ်သင့်ပါဘူး ။ ဘာကြောင့်လည်းဆိုရင် သင့် အသုံးပြုနေတဲ့ အကောင့် ဟာ super user or root user ဖြစ်နေလို့ပါပဲ ၊ ဒီ user တွေဟာ system အတွက် လုပ်ပိုင်ခွင့် ရရှိထားတာကြောင့် စနစ် တစ်ခုလုံး ဖျက်စီးပစ် နိုင်ပါတယ်။

၂။ root password သတ်မှတ်ပေးခြင်း – များသောအားဖြင့် Linux Desktop များဟာ system ကို super user အနေ နဲ့ အသုံးပြုခွင့် ပေးထားပြီး root user ကို End Users အတွက် ပေးမသုံးထားပါဘူး။ System administrator ဆိုရင်တော့ root user အနေ နဲ့ အသုံးပြုတက်ကြပါတယ်။ ဒါပေမယ့် အခုမှ စသုံးသူများကတော့ Super user အနေနဲ့ သာ အသုံးပြုရမှာပါ ။အကယ်၍များ လက်ရှိအသုံးပြုနေသော အကောင့်အားပျက်သွားခဲ့သည်ဖြစ်သော် Maintenance လုပ်ဖို့ အတွက် root account နဲ့ login ဝင်ပြီး management လုပ်ရမှာဖြစ်တာကြောင့် root user အတွက် password ပေးထားဖို့လိုပါတယ်။

$sudo passwd root

ဆိုပြီး root password ပေးနိုင်ပါတယ်။

၃။Firewall disable လုပ်၍ အသုံးပြုခြင်း – ဒီအချက်ကတော့ အရေးကြီးပါတယ် Network ပေါ် ကနေ မြင်အပ်မမြင်အပ်သော အနှောက်အယှက် များရန်က ကင်းဝေးစေဖို့ အတွက် Firewall ကို လူတိုင်း enable လုပ်ပြီးအသုံးပြုသင့်ပါတယ်။

For Debian ,Ubuntu ,Kali ,Mint

$sudo ufw enable

ဆိုပြီး command ရိုက်ပြီး enable လုပ်နိုင်ပါတယ်။

၄။ Software Installation – Linux သုံးသူအများစုဟာ Hacker စိတ် ကိန်းအောင်းတက်ပါတယ် ။ ဒါကို အခွင့်အရေးယူတဲ့ လူတွေက Data တွေ ရယူဖို့ အမျိုးမျိုးနဲ့ မြူဆွယ်ပြီး script တွေ၇ေးတက်ကြပါတယ်။ ဥပမာ – facebook hacking script လိုမျိုးပေါ့ , ထိုကဲ့သို့ ဘယ်ကမှန်း မသိ ကိုယ်ကလည်း script တွေအကြောင်း နားမလည်ရင်တော့ ကိုယ်တိုင်သာ အချက်အလတ်တွေ သွားပေးလိုက်ပါ။

အဲ့တော့ ဘယ်ကနေ Applications တွေ ရယူရမလဲဆိုရင် Distribution တွေတိုင်းမှာ လူကြီးမင်းတို့ computer နဲ့ သက်ဆိုင်ရာ repository sites တွေသက်မှတ် ချိတ်ဆက်ထားတာမို့ terminal တစ်ဆင့် install လုပ်တာတို့ သက်ဆိုင်ရာ software store မှ install လုပ်တာတို့ နောက်ပြီး မိမိ install လုပ်လိုသော application ရဲ့ official website တွေကနေ install လုပ်ဖို့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး Install လုပ်ခြင်း ဟာ အန္တရာယ် အကင်းဆုံးပဲဖြစ်ပါတယ် ဆိုတာ ..

ပြောပြရင်း နောက်တစ်ခါမှ တွေ့မယ်ဗျာ …

Linux အခြေခံ လုံးဝ လုံးဝ တတ်ထားစရာမလိုတဲ့ Linux special class

Linux ကို အခြေခံမှ စပြီး Linus system administration အထိ လေ့လာ ရမှာမို့ Linux အခြေခံ လုံးဝ လုံးဝ တတ်လာစရာမလိုပါဘူးခင်ဗျာ …

Enroll NOW <<<<<<<<<

Leave a comment