What’s sudo?
sudo လို့ ပြောလိုက်တာနဲ့ package တွေ install လုပ်မယ် service တွေ manage လုပ်မယ်ဆိုရင် အရှေ့က ရှုပ်နေသလို ခံစားနေရ တဲ့ command တစ်ခု ဖြစ်သလို သူမရှိရင်လည်း install လုပ်မရသလို manage လည်း လုပ်မရပြန်ပါဘူး
ဒါဆို သူက ဆရာကြီးလား?

ဆရာကြီးတော့ မဟုတ်ဘူး ဒါပေမယ့် Normal user တစ်ယောက်အတွက် သူကတော့ မရှိမဖြစ် ပါပဲ ။ ဘယ်လိုကြီးလဲ?
ဒီလိုဗျ … Linux Beginner တွေ နားလည်အောင် ဆိုရရင် Windows မှာဆို standard user နဲ့ administrator ဆိုပြီး user type 2 မျိုးရှိတယ် ။ Linux မှာလည်း ဒီလိုရှိပါတယ်
Normal user နဲ့ root user ဆိုပြီး တော့ရှိပါတယ်။
Normal user တစ်ယောက်အနေနဲ့ Linux Desktop တွေကို အသုံးပြုတဲ့ အခါ Package တွေ install လုပ်ဖို့နဲ့ service တွေကို manage လုပ်ဖို့ရာ system ရဲ့ ခွင့်ပြုချက်ရဖို့ကို
command ရဲ့ အရှေ့ဆုံး မှာ sudo ( superuser do ) ကို ရိုက်ရလေ့ရှိပါတယ် ။
ဒါမှသာ system က install ပေးလုပ်မယ် service တွေကို manage ပေးလုပ်မှာဖြစ်ပါတယ်။ ဒီလိုဆိုတော့ root user နဲ့ သုံမရဘူးလားလို့မေးစရာ ရှိပါတယ်
Linux ကို အခု မှစသုံးမည့် သူများ မဖြစ်သင့်တာ မမှားသင့်တာ မမှားအောင် Linux Distros အများစုက Linux Desktop တွေကို root user ကို Default အနေနဲ့ ပေးမသုံးထားပါဘူး ။ အရမ်းအန္တရာယ်များပါတယ် ။
Sudo ကို ဘာကြောင့် အရှေ့ ဆုံးက ရိုက်ရသလဲ?
sudo ဆိုတဲ့ command ကို အရှေ့ဆုံးက သုံးရခြင်းသည် system ရဲ့ ခွင့်ပြုချက်ကို တောင်းခံခြင်းတစ်ခုပါ ။ windows လိုပြောရရင် standard user တစ်ယောက် ဟာ software တွေ install တဲ့ အခါ run as administrator လို့ သုံးရသလိုမျိုးပါ ။
ဒီလိုမှ သာ software တွေ install လုပ်တဲ့ အခါ ခွင့်ပြုချက် အပြည့်အဝ ရရှိမှာဖြစ်ပါတယ်။
အဲ့တော့ Linux Desktop တွေကို အခုမှစပြီး အသုံးပြုသူများအနေနဲ့ sudo ( superuser do ) ရိုက်နေရလို့ စိတ်မညစ်ပါနဲ့ ။ သူမပါပဲ package တွေ manage လုပ်လို့မရသလို system services တွေကိုလည်း manage လုပ်လို့မရပါဘူးလို့ ပြောရင်း နောက်တပုဒ် မှာ ထပ်တွေ့ပါမယ် ….
Thanks all,
Linux အခြေခံ လုံးဝ လုံးဝ တတ်ထားစရာမလိုတဲ့ Linux special class ကို 1st June 2024 မှာ အတန်းသစ်စတော့မှာမို့ အခုပဲ Enroll လိုက်ပါ ။
Linux ကို အခြေခံ မှစပြီး system administration အထိ လေ့လာလိုသူများ အတွက် ။။။။။>>>>>
Class info : HERE
