SSH အပေါ် အခြေခံ ပြီး command တွေဘယ်လိုသုံးမလဲ |ဘယ်လိုဖြတ်သန်းမလဲ

ssh ပေါ်အခြေခံပြီး command တွေအသုံးပြုဖို့ အလိုလျောက် ဖြတ်သန်းသွားလာဖို့အတွက်

အသုံးပြုလို့ မိုက်တဲ့ command တစ်ခု ရှိပါတယ်

သူကတော့ sshpass တဲ့ …

sshpass ဆိုတဲ့ command အသုံးပြုပုံကို အခု post လေးမှာ လေ့လာနိုင်ပါတယ် ဒီနေရာမှာ မိတ်ဆွေတော်တော်များများဟာ ssh ဆိုတာ သိပြီးကြမယ်ထင်ပါတယ်

ယနေ့ခေတ်မှာ ssh အပေါ်မှာ အခြေခံပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေဟာ လွယ်ကူမြန်ဆန် အချိန်ကုန်သက်သာတာကိုတွေ့ရမှာဖြစ်ပါတယ်

အဲ့တော့ ssh နဲ့ တွဲပြီး အသုံးပြုမယ့် sshpass လေးအကြောင်းပြောကြရအောင် …….

ဒီကောင်လေးကတော့ ssh နဲ့ remote လှမ်းဝင်သုံးတဲ့ အခါ မိမိ လှမ်းဝင်သုံးတဲ့ host ရဲ့ password ကို တစ်ခါတည်း ပေးလို့ရအောင် တွဲသုံးရတဲ့ command ပါ

၄င်းနဲ့တွဲသုံးတဲ့အခါ automation သဘောမျိုးဖြစ်သွားမှာပါ ပုံမှန်ဆို ssh ခေါ်သုံးတာနဲ့ password ပေးရတာမျိုးတွေမရှိတော့ဘူးပေါ့ ( ဒီ post မှာ ansible လို tools တွေကို ခဏမေ့ထားပေးပါ)

sshpass package တွေကို သက်ဆိုင်ရာ Distros အလိုက် install လုပ်နိုင်ပါတယ်

package name ကတော့ – sshpass

သူ့ကို ssh နဲ့ ဘယ်လိုတွဲပြီး အသုံးပြုလို့ရသလဲဆိုရင် command usage တွေကို တစ်ချက်လောက်ကြည့်ရအောင်ဗျာ .. …

$sshpass -p ‘bnntech’ ssh root@server_ip ‘df -Th’

အပေါ်က command ရဲ့အဓိပ္ပါယ်ကတော့ ‘-p ‘ က password ကိုစားပြု option ပါ ‘bnntech’ ကတော့ remote ဝင်သုံးမယ့် host ရဲ့ password ပါ

နောက်တစ်ခု $sshpass -f bnntech.txt ssh root@server_ip ‘df -Th’

ဒီ command မှာ option ‘-f’ က file ကိုစားပြု optionပါ ‘bnntech.txt’ ကတော့ client host ရဲ့ password ထည့်ထားတဲ့ file ပါ သူများမြင်မှာဆိုးလို့ file ထဲထည့်ထားပြီးသုံးနိုင်ပါတယ် sshpass ကို ssh မှာ သုံးတဲ့ command များနဲ့ အတူတွဲပြီး အသုံးပြုနိုင်ပါတယ် အခု post လေးကိုဖတ်ပြီး အသိတစ်ခု တိုးသွားလိမ့်မယ်လို့မျှော်လင့်ပါတယ် အားလုံးဘေးအပေါင်းမှ ကင်းလွတ်ကြပါစေဗျာ ..

*************

Linux သင်ဖို့ အခြေခံ လုံးဝ လုံးဝ တတ်ထားဖို့ မလိုတဲ့ သင်တန်း

Linux basic to Linux system administration class

ဒီလမှာ အတန်းသစ် စပြီမို့ အခုပဲ စုံစမ်းလိုက်ပါ။

စုံစမ်းရန် – Course Outline

#bnntech#ssh#sshpass

Leave a comment