Arch base Majaro Linux Package manager

Arch base ဖြစ်တဲ့ Manjaro မှာ pacman package manager ကို

အသုံးပြုဖို့ အခြေခံ command တွေပဲဖြစ်ပါတယ်

Manjaro မှာ package တွေ သွင်းတာ ဖျက် တာ အပြင် manage လုပ်ဖို့အတွက်ကို

pacman package manager သုံးပါတယ်

Debian base တွေဆို apt သုံးသလိုမျိုးပေါ့

ဒါဆို သိကြမယ်ထင်လို့ အသုံးပြုနည်းကို ဆက်လေ့လာကြည့် ကြပါမယ်

1 . System update လုပ်ဖို့ အတွက်ဆို

$sudo pacman -Syu

2. Databases update လုပ်ဖို့ အတွက်ဆို

$sudo pacman -Syy

3. Package တစ်ခုကို install လုပ်ချင်တဲ့အခါ

$sudo pacman -S package_name ဆိုပြီး run ပေးရပါမယ်

e.g $sudo pacman -S vlc

အထက်ပါနည်းကတော့ normal install လုပ်နည်းပါ

ဒီထက်ပိုပြီး ထိရောက်ချင်ရင်တော့

$sudo pacman -Syu vlc ဆိုပြီးလည်း run နိုင်ပါသေးတယ်

တစ်ခါတည်း system update လုပ်ရင် install လုပ်သွားတဲ့ သဘောပါ

4. installed ပြီးသား pakage တွေကို remove လုပ်ချင်ရင်တော့

$sudo pacman -R package_name ( package တစ်ခုတည်းပဲ ဖျက်သွားမယ် )

$sudo pacman -Rs package_name ( ဖျက်လိုက်တဲ့ package နဲ့ သက်ဆိုင်ရာတွေပါ ပျက်မယ် )

$sudo pacman -Rns package_name ( Debian base တွေဆို purge ဆိုသိကြမယ်ထင်တယ် အဲ့လိုမျိုးပါပဲ config တွေပါမကျန် ပျက်ပါမယ် )

5. မိမိ install လုပ်မယ့် package တွေရဲ့ information ကို သိချင်တယ် ဆိုရင်

$sudo pacman -Qi vlc

6. install လုပ်မယ့် package ရဲ့ repo ရှိမရှိ ကြည့်တဲ့အခါ

$sudo pacman -Ss vlc

ဆိုပြီး pacman package manager ကို အခြေခံအားဖြင့် အသုံးပြုနိုင်ပါတယ်

နောက်ထပ်ဆက်လေ့လာချင်တယ်ဆိုရင် ဒီထပ်ပိုပြီးရှိနိုင်တာကြောင့် ဆက်လေ့လာကြပါ

အားလုံး ဘေးအန္တရာယ် အပေါင်းမှကင်းဝေးကြပါစေ

လိုရာ ပန်းတိုင်ကိုလည်း အမြန်ဆုံးရောက်ကြပါစေ …

BNN TECH ( You can be a linux system administrator )

လစဥ် တန်းခွဲ များရှိတာမို့ ဒီလမှာ တက်ရောက်လိုတဲ့ တန်းခွဲ နဲ့ အချိန်အား

ကြည့်ရန် ။ Enroll Today

Leave a comment