About wget command

Wget command ကို internet ပေါ်မှ files တွေကို

Download ပြုလုပ်ရာမှာ များစွာ အသုံး ဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။

wget အကြောင်း

ဒါလည်း Linux အသုံးပြုသူအများစု သိပြီးသားဖြစ်မှာပါ။

ဒီ Wget ဆိုတဲ့ command line utility tool ကို

http,https,ftp,ftps စတဲ့ internet protocol တွေမှာ

အသုံးပြုနိင်မှာ ဖြစ်ပါတယ်။ ဒီတော့

Wget command ကို ဘယ်လိုနေရာတွေမှာ သုံးသလဲ ဆိုတာ

ဆက်ပြီးလေ့လာ ကြည့်ပါဗျ …

၁။ Downloading files :

wget command ကို အသုံးပြုပြီး Local machine ကနေ file တွေကို လွယ်ကူစွာပဲ သင့်ရဲ့ Linux machine ဆီကို Download ရယူလို့ရမယ်။Local machine ကခွင့်ပြုထားတဲ့ file ကို Download ရယူတဲ့ အခါ file ရလာရင် ထားဖို့ Dir Path ကို တော့ သေချာ ရောက်နေဖို့လိုပါမယ်။

၂။ Recursive Download :

ဒီမှာ တော့ Recursive ဆိုတဲ့ အသုံးအနှုံး ကို တွေ့နိုင်မှာပါ။ဒီအသုံးက Linux user တွေကြားမှာ သိပ်တော့ မထူးဆန်းပါဘူး။Wget ကို အသုံးပြုပြီး website တစ်ခုလုံးကို Download ရယူတဲ့ အခါ Website နဲ့ ပါတ်သတ် ဆက်နွယ်သမျှ sub-directory အားလုံးကိုပါ Download ရယူတဲ့ အခါ အသုံးပြုရတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဘယ်လိုအချိန်မှာ အသုံးပြုကြသလဲဆိုရင် Internet မရတဲ့ အခါ Website တွေကို Offline ဖတ်ချင်တဲ့ အခါမျိုးမှာ အသုံးပြုလေ့ရှိပါတယ်။

၃။ Resuming Downloads:

Website တစ်ခုကို Download လုပ်နေတဲ့အချိန် Data size ကြီးနေတာမျိုး ၊ ဒါမှမဟုတ် Internet connection ပြတ် သွားတာမျိုး ကြုံရတဲ့ အခါ Download လုပ်ငန်းစဥ် ရပ်သွားတက်တယ် ၊ ရပ်သွားခဲ့ရင်လည်း wget ဟာ ပြန်လည်ပြီးတော့ resume လုပ်နိုင်တာမို့ အစကနေ ပြန် download ရတာမျိုး မရှိတော့ပါဘူး။

၄။Limiting Bandwidth:

wget ကိုအသုံးပြုပြီး Download ရယူတဲ့အခါ သင့်ရဲ့ Network bandwidth , speed ကိုလည်း control လုပ်နိုင်ပါတယ်။

၅။ Mirroring Websites:

ဒီနည်းလမ်းကတော့ အရမ်းကို သုံးတဲ့နည်းပါ။ အသုံးလည်း အတော်ကျပါတယ်။ ဘယ်လိုကြောင့်လဲဆိုရင် Website clone လို့တောင်အလွယ်ပြောနိုင်ပါတယ်။Website တစ်ခုရဲ့ Page,images, အခြားသော resources တွေက အစ တထေရာတည်း တူအောင် Download လုပ်နိုင်တာမို့ Websites တွေကို Backup လုပ်တာတို့ Local websites အဖြစ် copy ကူးပြီး လုပ်တဲ့ အခါမျိုးတွေမှာ ဒီနည်းလမ်းကို များစွာ အသုံးပြုပါတယ်။

၆။ Authentication:

Password-protected လုပ်ထားတဲ့ websites တွေက files တွေကို လည်း Download ရယူလို့ရပါတယ်။

ဒါတွေကတော့ wget ရဲ့ အသုံးဝင်တဲ့ နည်းလမ်းများပဲဖြစ်ပါတယ်။ Command တွေရဲ့ usage တွေကိုတော့ google ကနေ wget command with example ဆိုပြီး ရှာကြည့်ပါ။ Thanks for reading ……

10 February 2024 ( အတန်းသစ် စပါပြီ )

Enroll Today

2 responses to “About wget command”

Leave a comment