Linux system administrators တွေ ဘာလုပ်ရတာလဲ

Linux system administration ဆိုတာဘာလဲ

ဆိုတာကို blog ရဲ့ Home မှာ ဖတ်ပြီးပြီဆိုတော့

Linux system administrators တွေ ဘာတွေကို အဓိက လုပ်ရတာလဲ

ဆိုတာနဲ့ ပါတ်သတ်ပြီး အဓိက သော့ချက်တွေကို ပြောပြပါရစေ …

——

Linux system administrator တွေ အဓိက လုပ်ဆောင်ရတဲ့

သော့ချက်များ –

၁ ။ User Management

၂ ။ Software & Services Installation,Management

၃ ။ System Monitoring

၄ ။ Security Maintenance

စတာတွေပဲ ဖြစ်ပါတယ်။

တစ်ခုချင်းစီ ဆက်ရှင်းပြပေးသွားပါမယ်။

၁။ User Management

User တွေကို Manage လုပ်ရတာဆိုတော့

User account တွေ create လုပ်မယ် Delete လုပ်မယ်

Modify လုပ်မယ် user permission တွေ သတ်မှတ်မယ်။

Password policies တွေကို တိုးမြှင့် သတ်မှတ်တာတွေ

ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

၂။ Software & Services Installation,Management

မိမိ တို့ အသုံးပြုထားတဲ့ Linux Distros အမျိုးအစားအလိုက်

Package management tools တွေ services management tools တွေ

အသုံးပြုပြီး ၊ Services တွေ ၊ Package တွေကို

Install , update , upgrade and remove လုပ်ဆောင်ခြင်းတွေကို

ပြုလုပ်ရမှာ ဖြစ်ပါတယ်။

၃။ System Monitoring

Linux OS ကို အသုံးပြုပြီး မိမိ တို့ရဲ့ system ရဲ့ Resource Usage တွေ

Issues တွေ ကို စောင့်ကြည့်ခြင်းနဲ့ ပြင်ဆင်ခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

၄။ Security Maintenance

System ကြီးတစ်ခုလုံး လုံခြုံ ဖို့ အတွက် security ဟာလွန်စွာအရေးကြီးပါတယ်။

ဒါကြောင့် Firewall , access control , softwareတွေရဲ့ အခြေအနေတွေ,

File permission တွေကအစ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်မှုတွေ

ပြုလုပ်ရမှာဖြစ်ပါတယ်။

အခုပြောပြခဲ့တာတွေကတော့ Linux system administrator တစ်ယောက်

အဓိက လုပ်ဆောင်နေရတဲ့ သော့ချက်တွေပဲဖြစ်ပါတယ်။

ဒါတွေကို စနစ်တကျ အခြေခံမှစပြီး Linux system administration အထိ သင်ယူလိုပါက
February 2023 မှာ အတန်းသစ် ပြန်စတော့မှာမို့ အခုပဲ Enroll လိုက်ပါတော့ခင်ဗျ …

သင်တန်းရည်ရွယ်ချက် နှင့် Course ကြည့်ရန် ဒီကိုနှိပ်ပါ > Click Here

Leave a comment