Open SUSE အကြောင်း
—- + —-

Linux Distros အတွေ အမြောက်အများ ရှိတဲ့အထဲက ဒီတစ်ခါတော့
Open SUSE အကြောင်းလေး ရေးလိုက်ပါရစေခင်ဗျ။
Open SUSE ကတော့RPM_base ၊ Open-Source Free
Linux distributions တွေထဲကတစ်ခုဖြစ်ပြီး၊
OpenSUSE project အနေနဲ့ Develop လုပ်ထားတာဖြစ်ပါတယ်။
ဘာသာစကား များစွာ နဲ့ လည်း အသုံးပြုနိုင်ပါသေးတယ်။
OpenSUSE ကို version 10.0 မှစတင် ကာ ခုဆို
7 June 2023 မှာ နောက်ဆုံး ဗားရှင်းကို ထွက်ရှိခဲ့ပါတယ်။
၄င်း Version ကတော့ 15.5 ပါ။
OpenSUSE ကို ဘယ်လို နေရာတွေမှာ အဓိက အသုံးပြုနိုင်မလဲဆိုရင်
Desktop,Workstation , Server , Development အပိုင်းတွေမှာ
အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
OpenSUSE ရဲ့ Package တွေကို Manage လုပ်နိုဖို့အတွက်
Pacakge manager တွေကတော့
– ZYpp ( standard )
– YaST ( GUI or curses front-end )
– zypper ( command-line front-end )
– RPM ( low -level )
တို့ပဲဖြစ်ပါတယ်။
zypper ကတော့ အသုံးများပါတယ်။
DE တွေကိုလည်း အသုံးပြုသူများအနေနဲ့ ကိုကြိုက်နှစ်သက်ရာ
DE ကို ရွေးချယ် အသုံးပြုနိုင်ပါသေးတယ်။
အသုံးပြုနိုင်တဲ့ DE တွေကတော့
– KDE
– GNOME
– Xfce
– IceWM
စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။
အိုကေဗျာ ဒီလောက်ဆိုရင် OpenSUSE အကြောင်း
သိလောက်ပြီလို့ မျှော်လင့်ပါတယ် ဒါကြောင့် နောက်ထပ်
Post လေးတွေကို စောင့်ရင်း Like and Share လေးလုပ်ခြင်းဖြင့်
ကူညီပေးကြပါအူးခင်ဗျ။
လစဥ် တန်းခွဲများ ဖွင့်ပေးထားတာမို့ တက်လိုတဲ့ တန်းခွဲကို ရွေးချယ်ရန် ။ Enroll Today
