Raspberry Pi ချိတ်ဆက် အသုံးပြုရန် Items များ

Raspberry Pi တစ်လုံးကို ချိတ်ဆက် အသုံးပြုဖိုဆိုတာ အရမ်းလွယ်လွန်းပါတယ်
ဒါပေမယ့် ချိတ်ဆက် အသုံးပြုတဲ့ items တွေ အကြောင်းကိုတော့ သိထားမှရပါမယ်ဗျ
အဲ့တော့ လေ့လာကြည့်ရအောင် …

1 . USB power supply
သူကတော့ Pi အတွက် မရှိမဖြစ်လိုအပ်တဲ့ Power supply ဖြစ်ပါတယ်။ 5 Volt 3 A , Type-C connector
ပါ။ အသုံးပြုမယ်ဆိုရင် Official Pi PSU ကို သုံးတာ အကောင်းဆုံးပါ ။ မရှိရင်တော့ China သုံးလိုရပါတယ် ။
2 . Micro-SD card
Pi OS အပြင် တခြားသော OSတွေ Pi မှာ အသုံးပြု ဖို အတွက် Micro-SD card လိုအပ်ပါတယ်။
SD card နဲ့ boot တက်မယ်ပေါ့ ဗျာ ။ 8GB မှာ စတင်အသုံးပြုနိုင်ပြီး မိမိ တိုအသုံးပြုမည့် OSနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ရမှာပါ။
3 . USB keyboard and Mouse
ဒါကတော့ ထွေထူး ပြောစရမလိုဘူးထင်တယ် ဒါပေမယ့် ကြိုးတွေ ရှုပ်တာမကြိုက်ဘူးဆိုရင် USB wireless Keyboard and Mouse ကို အသုံးပြုလိုရပါတယ်။
4 . Micro-HDMI cable
ဒီ HDMI ကတော့ ဝယ်ရင် သတိထားဝယ်ရပါမယ် Pi ရဲ့ board မှာက micro-HDMI ဆိုတာ သတိထားပြီးဝယ်ပါ ၂ ဖက်စလုံး Full-HDMI တို Micro-HDMI တို ဝယ်တာမှားပါမယ် ။ cable ရဲ့ ၂ ဖက်စလုံးကို Full-HDMI ဝယ်မိမယ်ဆိုရင် micro ခေါင်းပြောင်းတစ်ခုလိုပါမယ် ကျန်တဖက်ကတော့ Monitor တွေက Full-HDMI များကြလိုပါပဲ ။ အဲ့တော့ စျေးကွက်ထဲမှာ တစ်ဖက်က Micro-HDMI , တဖက်က Full-HDMI ဆို အကောင်းဆုံးပါပဲ။
5 . LAN
LAN cable ရှိရင် တော့ တခါတည်း တပ်လိုက်လိုရပါတယ် ပါမှရမယ်မဟုတ်ပါဘူး။
==== အထက်ဖော်ပြပါ ပစ္စည်းတွေ စုံပြီဆိုရင် အားလုံးကို ချိတ်ဆက်ပြီး စတင် အသုံးပြုနိုင်ပါပြီဗျ ။
Thanks for reading
November လအတွက် Linux Special Class သင်တန်းစုံစမ်း နိုင်ပါပြီ
>> Enroll Now
