ဟုတ်ကဲ့ Raspberry Pi for you EP 2 မှ ပြန်လည်ကြိုဆိုပါတယ်ဗျ …

ဒီ EP2 မှာတော့ Raspberry Pi Model တွေ အများကြီး ထဲကမှ ကျွန်တော်လည်း လက်ရှိအသုံးပြုနေနဲ့ Raspberry Pi 4 Model B အကြောင်းလေးကို ပြောပြသွားမှာပါ။ အရင် ဆုံး Pi 4 ရဲ့ Specification , I/O , Components တွေကိုပြောပြပေးပါမယ်ဗျ …
Pi 4 မှာ က 4 မျိုးလောက်ထုတ်ထားပါတယ် ။ ကျနော် သုံးနေတာကတော့ RAM 8GB နဲ့ Model B လေးပါ ။
အိုကေ အဲ့တော့ ပုံလေးကို ကြည့်ရင်း Label တွေနဲ့အတူ လေ့လာကြည့်မယ်ဗျာ

အခု ပုံမှာပါတဲ့ Label တွေအတိုင်း ရွတ်ပြပါမယ်
A – USB Type-C power in
Type C ကတော့ power ကျွေး အားသွင်းဖို့သာဖြစ် ပြီး Data အတွက် မဟုတ်ပါဘူး။ အားသွင်းမည့် adapter ကိုလည်း current 3A , 5 volt adapter ဖြစ်ဖို့တော့လိုပါတယ် ။ဖုန်းတွေဆို Fast charging တွေနဲ့ ရပါမယ် ၊ အော်ရီဂျင်နယ် adapter တွေဆိုရင်တော့ကောင်းတာပေါ့ဗျာ …. ( ကျနော်ဆို power bank နဲ့ မီးပျက်တဲ့ အခါ သုံးပါတယ် ၊ Watt များတဲ့ power bank ဆို ကောင်းပါတယ် )။
B – DSI Display Port
Display အတွက် connector ပါ ။ တချို့က RPI Touch Display နဲ့ တွဲသုံးကြပါတယ်။
C – Wireless \ Bluetooth
Wifi – 802.11ac နဲ့ Bluetooth 5 ကို အသုံးပြုထားပါတယ်။
D – Micro-HDMI 0 | E – Micro- HDMI 1
Dual Monitor သမားတွေ အတွက်တော့ Micro – HDMI 2 ခု ထည့်ပေးထားပါတယ်။
လျော့မတွက်လေနဲ့ 4K support ပေးပါတယ် ။ သင့် Monitor သာ 4K support ပေးပါစေ ..။
F – System-on-chip (Soc)
အများသိပြီးသား CPU/GPU ပေါ့ ၊ 1.5 GHz 64-bit quad core ၊ ARM Cortex-A72 processor ကို သုံးထားပါတယ်။ Linux သမားတွေ အကြိုက် :)။
G – GPIO
နောက် EP တွေမှာ ဆက်လေ့လာရပါမည်။
H – RAM
RAM ကို တော့ Pi 4 Model B တစ်မျိုးတည်းကို 1GB, 2GB ,4GB,8GB ဆိုပြီးထုတ်ထားပါတယ်။
I – CSI camera Port
AI cam တို့ cctv တို့ စမ်းချင်သူများအတွက် Camera Port နေရာပါ။
J – 3.5mm AV
Audio အတွက်ပါ။
K – PoE
Power over Ethernet အတွက်ပါ။
L – USB 2.0
USB 2.0 က 2 Port။
M – USB 3.0
USB 3.0 က 2 Port ။
N – Ethernet port
LAN ကိုတော့ Gigabit Ethernet ကို သုံးထားပါတယ်။
Raspberry Pi ရဲ့ ကျောဘက်မှာတော့ OS တွေတင်သုံးဖို့ရာ SD card slot လေးပါရှိပါတယ်။
ဒီ Episode လေးကတော့ ဒီလောက်ပါပဲဗျ နောက် Episode တွေမှာ ထပ်လေ့လာကြမယ်ဗျ….
Thanks for reading ….
18 October 2022 မှာ Linux Special Class အတန်းသစ် ပြန်စ တော့မှာမို့
တက်ရောက်သင်ယူဖို့ မြန်မြန် Enroll လိုက်ကြပါဗျ …
သင်တန်းစုံစမ်း အပ်ရန် >> About
