Bash shell to Zsh shell

ဒီတစ်ခါ ကျွန်တော်

စာဖတ်ရတာကြိုက်တဲ့သူတွေအတွက်

စာလေးနဲ့ ရေးတင်ပေးမှာက တော့

ကျွန်တော်တို့ linux သုံးကြသူတိုင်း အသုံးပြုလေ့ရှိတဲ့

Bash shell ကို မသုံးချင်တော့ တဲ့အခါ

Zsh shell ကို ပြောင်းသုံးချင်သူတွေအတွက်

Zsh install နည်းနဲ့ default shell အဖြစ်သုံးမယ်

နောက်ပြီး zsh ကို install ပြီးပြီး ချင်းမှာ မလှဘူးဗျ

အဲ့ customize လုပ်နည်းလေးပါ တစ်ဆင့်ချင်း

လုပ်ကြည့်ရအောင် …………..

**** ကြော်ငြာလေး ****

၂၀၂၀ ဒီဇင်ဘာ ၁ ရက်နေ့ Linux Special Class

အတန်းသစ်စပြီနော်

စုံစမ်းရန် – https://bit.ly/3kSktEu

**********

ဒီတော့ ဇာတ်လမ်းပြန်စပါမယ်

အောက်ဖော်ပြပါ တစ်ဆင့်ချင်း လုပ်ဆောင်သွားပါ

၁ ။ Zsh ပြောင်းဖို့ လိုအပ်တဲ့ package ကို install လုပ်ကြရအောင်

$ apt install zsh

၂ ။ မိမိ အသုံးပြုမယ့် အကောင့် ရဲ့ shell ကို ပြောင်းပါ

$ sudo chsh -s /bin/zsh <myUserName>

e.g $sudo chsh -s /bin/zsh bozinmyo

၃ ။ မိမိ အသုံးပြုမည့် Zsh login shell ရှိမရှိ သွားစစ်ကြည့်မယ် ဖိုင်လေးရှိတဲ့နေရကို

သွားစစ်ရပါမယ်

$grep zsh /etc/shells

ဒီလိုပေါ်လာပါမယ် ( /bin/zsh ) ဆိုတာ တွေ့ရင် ရပါပြီ

မရှိရင် ကြိုက်နှစ်သက်ရာ editor တစ်ခုခု သုံးပြီးထည့်ပေးပါ။

အခု အဆင့်ကတော့ installation နဲ့ zsh shell သို့ပြောင်းနည်းပါ

…….

ယခုက customize လုပ်နည်းပါ

အောင်ဖော်ပြပါ Oh-My-Zsh frame ကတော့

zsh shell ကို အသုံးပြုသူတော်တော်များများ customize လုပ်ဖို့ အသုံးပြုလေ့ရှိပါတယ်

လိုအပ်တဲ့ package ကို install တစ်ခါတည်းလုပ်မယ်

အော် နည်းလမ်း ၂ ခုကို ဖော်ပြပေးမယ် ကြိုက်နှစ်သက်ရာသုံးနော်

၁ ။ $ sh -c "$(curl -fsSL https://raw.github.com/ohmyzsh/ohmyzsh/master/tools/install.sh)"

(ဒါမှမဟုတ်)

$ sh -c "$(wget https://raw.github.com/ohmyzsh/ohmyzsh/master/tools/install.sh -O -)"

အထက်ဖော်ပြပါ 2 ခုထဲက ၁ ခုကို install ပြီးပြီဆိုရင်

အခု zsh theme အတွက်လိုအပ်တဲ့ package ကို install ကြရအောင်

$sudo apt install fonts-powerline

install ပြီးပြီဆိုရင် ကြိုက်နှစ်သက်ရာ editor ကို သုံးပြီး “~/.zshrc” ထဲသို့ သွားပြီး

default shell themes ကို change ပါ ‘robbyrussell’ ကနေ agnoster

သိုပြောင်းလိုက်ပါ ဘယ်လိုလဲဆိုရင်

$sudo nano ~/.zshrc

ပြီးရင် အခုပုံစံသိုပြောင်းပါ ZSH_THEME=”agnoster”

ကဲ ဒါဆို zsh ကို frame လှလှ Theme လှလှလေးနဲ့သုံးလို့ရပါပြီ

ဒီထက်ပိုပြီး လှချင်ရင် တော့ google ကနေစိတ်ကြိုက်ရှာလို့ရပါတယ်

ဒီ Post လေးက တစ်ခုခု ရသွားမယ်ဆို Like and Share

လုပ်လို့ရပါတယ်ဗျ

Thanks all.,

Leave a comment