
ဒီတစ်ခါ Linux System administrator အတွက် မရှိမဖြစ်လိုအပ်တဲ့
software တွေ install လုပ်လို့ရဖို့ redhat တို့ centos တို့ အတွက်
အထူးထောက်ပံ့ ထားတဲ့ external repository တွေ ကို ဖော်ပြပေးမှာ
ဖြစ်ပါတယ်။ ဒီနေရာမှာ repository ကို repos ဆိုပြီးပဲ သုံသွားပါမယ်။
**** ကြော်ငြာလေး ****
၁၂ လပိုင်း ၁ ရက်နေ့ ဆို အင်္ဂါ – ဗုဒ္ဓဟူး အတန်းသစ် ပြန်စတော့မယ်နော်
……………….
လာမည့် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး Linux Special Class ( Online Live Class ) အင်္ဂါ – ဗုဒွဟူး အတန်းသစ် စမှာဖြစ်ပါတယ်
အချိန်က ည ၈ နာရီ – ၁၀ နာရီထိ ဖြစ်ပါတယ်
သင်တန်းကာလ က ၂ လ ပါ special class ဆိုတဲ့ အတိုင်း Linux ကို လုံးဝ အခြေခံကနေ Linux System administrator တစ်ယောက် သိသင့်သိထိုက်တဲ့
အကြောင်းအရာတွေ ထိ သိသွားမှာပါ
သင်တန်းကြေးကတော့ – ၁၈၀၀၀၀ ကျပ်ပါ
သင်တန်း နဲ့ပါတ်သတ်ပြီး သင်တန်းသားတွေရဲ့ review တွေလည်းကြည့်နိုင်ပါသည်
အသေးစိတ် ကိုသိရှိလိုပါက
ဖုန်း – 09 960 174 999 ( Bo Zin Myo – Instructor )
Viber – 09 960 174 999
Page messenger တို့မှ ဆက်သွယ် မေးမြန်းစုံစမ်းလို့ရပါပြီ —
Course Outline ကို viber မှ တဆင့် ရယူနိုင်ပါသည်။
******************
အဲ့တော့ ကြော်ငြာဝင်ပြီးသွားပြီဆိုတော့
စလိုက်ကြရအောင်
external repos ဆိုတာက ကျနော်တို့ မြင်အောင်ကြည့်မယ်ဆိုရင်
build mother board က lan card အပြင် နောက်ထပ် card တစ်ခု
ထပ်စိုက်သလိုပါပဲ ၂ card လုံးသုံးလို့ရတာပေါ့နော်
အဲ့တော့ ထပ်ပေါင်းထည့်ရမယ့် repos တွေကတော့
………..
၁ ။ EPEL – repos ( https://fedoraproject.org/wiki/EPEL
သူကတော့ fedora project က RHEL အတွက် လိုအပ်တဲ့
software တွေသွင်းဖို့ အတွက် အထူးထောက်ပံ့ ထားတဲ့ repos ပါ
တယ်ဆိုတဲ့စာပါလား
ဟုတ်ပါတယ် တကယ်ကို လိုအပ်တဲ့ repos တစ်ခုပါ
ဆိုတော့ package ကို install ပါမယ်
$ dnf -y install epel-release
repos file ရှိတဲ့ နေရာကတော့ ဒီမှာပါ
“/etc/yum.repos.d/epel.repo”
epel repos ကိုသုံးပြီး လိုအပ်တဲ့ package ကိုသွင်းချင်တယ်ဆိုရင်တော့
$dnf –enablerepo=epel install [packages]
e.g $ dnf –enablerepo=epel install httpd
၂ ။ Elrepo
သူကတော့ RHEL အတွက် လိုအပ်တဲ့ အဓိက ကျတဲ့ drivers တွေအတွက် အထူး
အထောက်ပံ့ ပေးတဲ့ repos တစ်ခုဖြစ်ပါတယ်
ပါဝင်တဲ့ drivers တွေက “filesystem drivers, graphics drivers, network drivers, sound drivers, webcam and video drivers”
install ကြရအောင်
$dnf install elrepo-release
repos file ရှိတဲ့နေရာကတော့ ဒီမှာပါ
“/etc/yum.repos.d/elrepo.repo”
elrepo ကနေ လိုအပ်တဲ့ package တွေကို install ချင်ရင်တော့
$dnf –-enablerepo=elrepo install packagename
အခုဖော်ပြပေးပါသော repos တွေကို RHEL ,Centos တို့မှာ
အဓိက install လုပ်ကြပါကြောင်း ပြောရင်း
နောက်ထပ် ……နောက်ထပ် …..
Thanks all,BNNTECH (bozinmyo)
