Centos 8 မှာ Virtual Box install လုပ်မယ်

Virtual box လို့ ပြောလိုက်ရင် linux သုံးတဲ့သူများ ချက်ချင်းသိမှာ

အိုကေ ခုက Centos 8 မှာ Virtual box install နည်းပါ

virtualbox_kernel_module_is_not_loaded

ဘာဖြစ်လို့ဒီနည်းကို ပြောပြရလည်းဆိုရင် Centos မှာ virtual box installation လုပ်တဲ့အခါ ပြသနာ အနည်းငယ်ရှိလို့ပါ virtual box ရဲ့ kernel module error တက်တက်ပါတယ် ပုံမှန်ဆို secure boot ကိုပိတ်တာတို့ vbox machine ရဲ့ setting မှာ efi mode ကို enable လုပ်ရင် ရနိုင်ပေမယ့် မရတဲ့ အခြေနေနဲ့ ကိုယ်တိုင်ကြုံတွေ့ရလို့ တဆင့် ချင်း ကောင်းမွန်စွာ install လုပ်ရဖို့ sharing အတွက် ရေးရခြင်းဖြစ်ပါတယ်ဗျ

အဲ့တော့ seureboot လည်း enable ဖြစ်ရင်ဖြစ်နေပါစေပေါ့

လုပ်ရမှာက Bios မှာ virtualization ကို  အရင် enable လုပ်ပါ။

ဒါဆို့ စတော့မယ်နော်

1 . vbox အတွက်လိုအပ် တဲ့ package repo ကို enable လုပ်ပါမယ်

bozin@bnntech~#dnf config-manager –add-repo=https://download.virtualbox.org/virtualbox/rpm/el/virtualbox.repo

2 . Oracle vbox public key ကို import လုပ်ပါမယ်

bozin@bnntech~#rpm –import https://www.virtualbox.org/download/oracle_vbox.asc

3. epel repo ကို enable လုပ်ပါမယ်

bozin@bnntech~#dnf install https://dl.fedoraproject.org/pub/epel/epel-release-latest-8.noarch.rpm -y

4. Vbox အတွက် လိုအပ်တဲ့ build tools တွေ install ပါမယ်

bozin@bnntech~#dnf install binutils kernel-devel kernel-headers libgomp make patch gcc glibc-headers glibc-devel dkms -y

ဒီအဆင့်တွေပြီးရင်တော့

https://virtualbox.org ကိုသွား ပြီးရင် centos 8 အတွက် rpm package ကို download ပြီး

terminal ကနေ

bozin@bnntech~#dnf install virtualbox*.rpm

ဆိုပြီး run လိုက်ပါ အားလုံး အဆင်ပြေသွားမှာပါ ……..

အိုကေ ဒီ post ကို ကြိုက်လို့ အသုံးတည့် ရင် share ပေးနိုင်ပါတယ်ဗျ …….

BNNTECH မှာ လာမယ့် September 15 ရက်နေ့ မှ စပြီး Linux Special Class ကို online ( live ) သင်မှာမို့ တက်ရောက် လေ့လာ ချင်သူများ အောက်ဖော်ပြပါ Form လေးကို ဝင်ရောက် သင်တန်းအပ်လို့ရပါတယ်ဗျ ….. သင်တန်းနဲ့ ပါတ်သတ်တဲ့ အချက်လက် အသေးစိတ်ကို form မှာရေးထားပါတယ်ဗျ ……

https://forms.gle/CfEA4o12z4Ksf2759

 

အားလုံးကိုကျေးဇူးတင်ပါတယ်

BNN TECH_You_can_be_a_linux_system_administrator

 

 

Leave a comment