wget လို့ ပြောလိုက်ရင် သိတဲ့သူတွေ ရှိသလိုမသိတဲ့သူတွေလည်းရှိပါတယ်
wget ကဘာလဲ? (www-get) ကို ကိုယ်စားပြုထားတဲ့ အမည်ပါ
သူ က network ပေါ်ကနေ Ftp,http,https စတဲ့ protocols တွေပေါ်မှ ဖိုင်တွေကို သင့် computer ပေါ်သို့
download ဆွဲ ချဖို့ အတွက် အကောင်းဆုံး tool တစ်ခုလို့ ဆိုရမလားပဲ နဲနဲရှုပ်သွားလား
ဥပမာ – မိမိက website တစ်ခုကို offline အနေနဲ့ ကြည့်ချင်တဲ့ အခါမျိုး ဘယ်လိုကြည့်မလဲပေါ့
လွယ်ပါတယ် wget command ကိုသုံးပြီး download ချပြီး offline အနေနဲ့ ကြည့်လို့ရပြီပေါ့ ….
ဒီလောက်ဆို သဘောပေါက်လောက်ပြီထင်ပါတယ် ကဲ ဒါဆို အောက်က သူ့ရဲ့ အသုံးဝင်တဲ့ command လေးတွေ ကြည့်လိုက်ရအောင် …………….
BNN TECH မှာ တန်းခွဲတွေ လစဥ်ရှိပါတယ်၊ တက်ရောက်လိုပါက
ဒီမှာ နှိပ်ပါ
SYNOPSIS >>>>>>>>> wget [option]… [URL]…
1. Internet ကနေ file တစ်ခုကို download ချင်ရင် ဒီလို
wget http://example.com/file.iso
2. Download လုပ်လိုက်တဲ့ ဖိုင်ကို မိမိ computer မှာ တစ်ခြားအမည်တစ်ခုနဲ့ သိမ်းချင်ရင် ဒီမှာ
wget ‐‐output-document=filename.html example.com
3. Download လုပ်လိုက်တဲ့ ဖိုင်ကို တစ်ခြားလမ်းကြောင်းပေးပြီး သိမ်းချင်သပဆိုရင် အောက်ကလို
wget ‐‐directory-prefix=folder/subfolder example.com
4. မိမိ down လိုက်တဲ့ ဖိုင်က ဆိုဒ်ကြီး လို့ ပျက်တောက်သွားမယ်ဆိုရင်တောင် သွသူပြန်ပြီး resume သွားမယ့် command ကဒီလို
wget ‐‐continue example.com/big.file.iso
5. multiple URLs တွေကို download လုပ်ချင်တဲ့အခါ text file ထဲ ကိုယ်ထည့်ချင်တဲ့ URLs တွေထည့်ပြီး
လည်းတစ်ပြိုင်တည်း download လုပ်လို့ရတယ်
wget ‐‐input list-of-file-urls.txt
6. Download လုပ်မယ့် server ကနေ file တွေ နံပါတ်စဥ် အလိုက်လည်းခုလို ရယူနိုင်ပါတယ်
wget http://example.com/images/{1..20}.jpg
Mirror websites with Wget
7. website တစ်ခုရဲ့ file တွေရော page တွေရဲ့ link တွေအကုန် Download မယ်ဆိုရင်
wget ‐‐execute robots=off ‐‐recursive ‐‐no-parent ‐‐continue ‐‐no-clobber http://example.com/
8. Sub-directory ထဲမှာရှိတဲ့ ရှိရှိ သမျှ Mp3 ဖိုင်တွေအကုန် download လုပ်မယ်ဆိုပါတော့
wget ‐‐level=1 ‐‐recursive ‐‐no-parent ‐‐accept mp3,MP3 http://example.com/mp3/
9. Website ရဲ့ common folder ထဲမှာရှိသမျှ ပုံတွေအကုန် down ယူမယ်ဆိုရင်
wget ‐‐directory-prefix=files/pictures ‐‐no-directories ‐‐recursive ‐‐no-clobber ‐‐accept jpg,gif,png,jpeg http://example.com/images/
10. သက်ဆိုင်ရာ domain ကို ကျော်ပြီး website ကနေ pdf တွေ ရယူမယ်ဆိုပါက
wget ‐‐mirror ‐‐domains=abc.com,files.abc.com,docs.abc.com ‐‐accept=pdf http://abc.com/
ထိုသို့ အသုံးဝင်မှုများအပြင် တစ်ခြားသော option များစွာနဲ့ လည်း အသုံးပြုနိုင်ပါတယ်ခင်ဗျာ
#man wget ဖြင့် လေ့လာနိုင်ပါတယ် ကျေးဇူးတင်ပါတယ်

