CentOS7 မှာ ftp server ကို install and configure လုပ်ကြည့်ကြမယ်

Screenshot from 2019-11-05 10-29-13

Installing FTP Server on CentOS7

ကျွန်တော်အခု ပြောပြပေးမှာက centos7 မှာ ftp server ကို install and configure လုပ်တာရယ်

client ကနေ ဘယ်လိုယူသုံးမလဲဆိုတာ ရယ်ကို ပြောပေးမှာပါ ftp ဆိုတာကို ရှည်ရှည် ဝေးဝေးပြောစရာမလိုအောင်

ကိုသိပြီးနေကြပြီလို့ထင်ပါတယ် ဘာလို့လည်းဆိုရင် ဖုန်းတွေနဲ့တောင်မှာ network ပေါ်ကနေ server ထောင်ပြီးသုံးလို့ရတဲ့ ခေတ်ဖြစ်နေလို့ပါပဲ …

အိုကေ ဒါဆို ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် ဆက်သွားကြရအောင်

အဆင့် 1 – Install vsftpd package

Centos ရဲ့ Default repo အဖြစ် ftp pakage ကပါပြီးသားဆိုတော့ repo ကို add စရာမလိုပါဘူး service ကိုအောက်က command အတိုင်း install လုပ်နိုင်ပါတယ်

yum install vsftpd

ခဏလောက် စောင့်လိုက်တာနဲ့ install လုပ်ငန်းစဥ် ပြီးသွားပါလိမ့်မယ့် ထို့နောက် install လုပ်တာအဆင်ပြေမပြေကို အောက်က command လေးနဲ့ ကြည့်နိုင်ပါတယ်

systemctl status vsftpd

အပေါ် က command နဲ့ ကြည့်လို့ ftp service အလုပ်မလုပ်ဘူးဆိုရင် အောက်က command ကိုသုံးပြီး ftp service ကို စတင်လို့ရပါတယ်

systemctl start vsftpd

ftp service ကို start လုပ်ပြီးရင် သင့်ရဲ့ sysetem ကို restart ချပြီးလည်း run နေဖို့ service ကို အောက်က command လေးသုံးပြီး enable လုပ်ထားနိုင်ပါတယ်

systemctl enable vsftpd

အဆင့် 2 – Configure the vsftpd

service ကို install လုပ်ပြီးနောက်  ကျွန်တော်တို့ configure လုပ်ဖုိ့လိုပါတယ် အဲ့တော့ အရင်ဆုံး “/etc/vsftpd/” directory ထဲက config ဖိုင်ကို backup လုပ်လိုက်မယ် ဘာလို့လဲဆိုရင် config လုပ်တာလက်လွန်သွားတဲ့အခါ မျိုး ပြန်ပြီး restore လုပ်နိုင်ဖို့ပါပဲ ဒါကတော့ IT သမားတွေလုပ်နေကျ အရာတစ်ခုဆိုတော့ ထွေထူးပြောဖုိ့လိုမယ်မထင်ပါဘူးနော် အိုကေ …. အောက်ကအတိုင်း backup လုပ်လိုက်ကြတာပေါ့

cp /etc/vsftpd/vsftpd.conf /etc/vsftpd/vsftpd.conf.origbackup

configure စလုပ်ဖို့ vsftpd.conf ဖိုင်ကို မိမိ ကြိုက်နှစ်သက်ရာ editor ကိုအသုံးပြုပြီး config လုပ်နုိင်ပါတယ် ကျွန်တော်က တော့ vi editor နဲ့ အောက်ကအတိုင်း edit လုပ်ပါတယ်

vi /etc/vsftpd/vsftpd.conf

config ဖိုင်ထဲရောက်ပြီဆို အောက်ကလို တစ်ခုခြင်းရှာပြီးလိုက်ပြင်ပါ

anonymous_enable=NO
local_enable=YES
write_enable=YES
chroot_local_user=YES
allow_writeable_chroot=YES
userlist_enable=YES
userlist_file=/etc/vsftpd/user_list
userlist_deny=NO

အားလုံးလုပ်ပြီးပြီဆိုရင် save ပြီးထွက်ပါ။

ထို့နောက် အောက်က command အတိုင်း  service ကို restart လုပ်ပါ။

systemctl restart vsftpd

အဆင့် 3 – Configure firewall

firewall ကို enable လုပ်ထားတာဖြစ်တဲ့ အတွက် firewall မှာ ကျွန်တော်တို့ ftp port တွေကို အောက်က အတိုင်း add ပေးရပါမယ်

port no တွေကို တော့ အပေါ်က config ဖိုင်ထဲမှာ သတ်မှတ်ခဲ့ တဲ့ port တွေနဲ့ တူရပါမယ်

 firewall-cmd --permanent --add-port=20-21/tcp
 firewall-cmd --permanent --add-service=ftp

port တွေကို add ပြီးပါက firewall ကို အောက်ကအတိုင်း reload လုပ်ပေးရပါမယ်

 firewall-cmd --reload

အဆင့် 4 – FTP user create လုပ်မယ်

ထုံးစံ အတိုင်း user add ကြတာပေါ့

adduser bnntech

bnntech user အတွက် password ပေးမယ်

passwd bnntech

FTP service ကို အသုံးပြုလို့ရအောင် ကိုယ်ခွင့်ပြုမယ့် user တွေကို တစ်စုတည်းထားဖို့ အောက်က /etc/vsftpd/user_list ဆိုတဲ့ file ထဲမှာ bnntech user ကို ထည့်ပြီး save and exit နဲ့ထွက်မယ်ပေါ့နော်

vi /etc/vsftpd/user_list

အခု user တွေ upload လုပ်နိုင်ဖို့ နဲ့ data read ရဖို့ အတွက် dir တစ်ခု ဆောက်မယ်

 mkdir -p /home/bnntech/ftp/upload

permission သတ်မှတ်မယ်

chmod 550 /home/bnntech/ftp
chmod 750 /home/bnntech/ftp/upload

Change directory ownership.

chown -R bnntech: /home/bnntech/ftp

user ကို shell login ဝင်မရအောင် အောက်ကအတိုင်းလုပ်မယ်

usermod -s /sbin/nologin bnntech

အဆင့် – Test FTP Server

အားလုံးပြီးပြီဆိုရင်  ftp client software တွေဖြစ်တဲ့ filezilla တို့လို software တွေကနေပြီး အသုံးပြုလို့ရပါပြီ

တစ်ခုပါပဲ user_list ထဲမှာရှိတဲ့ username နဲ့ password သာ allow လုပ်မှာဖြစ်ပါတယ်

အခုလောက်ဆို  ftp server ကို install and configure လုပ်တာနဲ့ client က ယူသုံးတာနဲ့ ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးဖြစ်တာကြောင့် နောက် lab ကြမှပဲ ဆုံကြတာပေါ့

youtube မှာကျွန်တော်တင်ထားတဲ့ video ရှိပါတယ် မြန်မာအသံ နဲ့ပါ

ဘိုင်ဘိုင်

#BNNTECH

#Loveyouall

Facebook Page ကိုလည်း like and share လုပ်ဖို့  မမေ့နဲ့အူးနော်

Leave a comment