Installation & Usage of maldet (Malware Detect) on Linux

Installation & Usage of maldet (Malware Detect) on Linux

LMD : Linux Malware Detect ကတော့ linux  server တွေအတွက်  malware scanner တစ်ခုဖြစ်ပါတယ် malware ဆိုတာဘာ လိုဆိုတာ ဒီနေရာမှာ ရှင်းပြမှာမဟုတ်ပါဘူး အားလုံးလဲ လေ့လာပြီးသားလို့ ထင်ပါတယ် malware တို့ virus တို့ linux မှာ မရှိနိုင်ဘူး ဆိုတဲ့ အတွေးကို ဒီစာကိုဖတ်ပြီးတဲ့ အချိန်က စပြီးဖယ်လိုက်ပါ ဘာလို့လဲဆိုရင် မြင်သာအောင်ပြောပြမယ် မြန်မာပြည်မှာ sony ခေတ်က ဆို လူတိုင်း sony , huawei ခေတ်ဆို huawei တန်ဖိုးတွေကို ပြောတာမဟုတ်ပါဘူး အသုံးပြု မှုများတာနည်းတာ နဲ့ပဲဆိုင်ပါတယ် ဒီလိုပါပဲ linux ကို လူသုံးနည်းနေလို့ ဖြစ်မှာပါ

အိုကေ ဆက်သွားကြမယ်လေ ဒီအပိုင်းမှာ ကျွန်တော်က maldet ဆိုတဲ့ (Malware Detect) ကို install လုပ်ပုံနဲ့ အသုံးပြုပုံပြောပြမှာလေနော်

အခုက linux server မှာ install လုပ်တယ်ဆိုတော့ သူက အရေးကြီးလို့ လို့ မထင်စေချင် လူတိုင်းရဲ့ ဒေတာ အကုန်လုံးက ရွှေနော် အဆင်ပြေရင် ကြိုက်တဲ့နေရာမှာတင်ပါ Linux နော်

1. How can I install Maldet on server ?

Linux server ပေါ် မှာ LMD (Linux Malware Detect) ကို install လုပ်ရတာ အရမ်းလွယ်ကူပါတယ်

ကျွန်တော် ပြောပြသွားသလို အဆင့်ဆင့်လုပ်ဆောင်သွားပါ

အရင်ဆုံး လိုအပ်တဲ့  ဖိုင်တွေ download လုပ်ဖို့ wget ကို အရင် install ရပါမယ်

Redhat,CentOS, Fedora တွေမှာဆိုရင် အောက်ပါအတိုင်း

# yum install wget

Debian base OS တွေမှာဆိုရင်

# apt install wget

နောက်တစ်ဆင့် အနေနဲ့ ကတော့

inotify-tools ကို  install လုပ်ရမှာ ပါ ဒီ tools အကြောင်းကို သိချင်တာပဲဖြစ်ဖြစ် တိုက်ရိုက် down ချင်တာပဲ ဖြစ်ဖြစ် ဒီမှာကလစ် လိုက်ပြီး ကြည့်ရှု့လေ့လာနိုင်ပါတယ် install လုပ်တာကတော့

Redhat,CentOS, Fedora တွေမှာဆိုရင် အောက်ပါအတိုင်းဖြစ်ပါတယ်

# yum install inotify-tools

Debian base OS ဆိုရင်တော

# apt install inotify-tools

အားလုံးပြီးသွားပြီဆိုရင် LMD ကို download လုပ် ပြီး install လုပ်ဖို့ရာ အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်

# wget http://www.rfxn.com/downloads/maldetect-current.tar.gz
# tar -xzvf maldetect-current.tar.gz
# cd maldetect-*
# sh install.sh

install လုပ်တာအားလုံးပြီမြောက်သွားပါက cofig ဖိုင်ကိုသွားပြင်ကြတာပေါ့

ဖိုင် path ဖြစ်တဲ့ /usr/local/maldetect/conf.maldet  ဆီကို မိမိ ကြိုက်နှစ်သက်တဲ့ editor  သုံးပြီးedit လုပ်နိုင်ပါတယ်

အဲ့ဒီမှာ QUARANTINE OPTIONS ဆိုတာကို ရှာပြီး အောက်ကပုံအတိုင်း ပြောင်ပေးပါ

default အနေနဲ့က quarantine_hits=”0″ ဖြစ်နေပါမယ် zero ကို “1” ပြောင်းပေးရုံပါပဲ နောက်တစ်ခုက

quarantine_clean=”0″ ကိုလည်း “1” ပြောင်းပေးရုံပါပဲ ပြောင်းပြီးပြီဆိုရင်vi သုံးထားရင် Esc > :wq နဲ့ထွက်လိုက်ပါ

Screenshot from 2019-07-25 13-01-59

ပြီးပြီဆိုရင်တော့

 

LMD ကိုဘယ်လို အသုံးပြုမလဲ?

scan စစ်မယ် ဆိုကြပါတော့ အောက်ပါအတိုင်းစစ်နိုင်ပါတယ်

# maldet -a /path/to/scan OR maldet --scan-all /path/to/scan

အောက်က ပုံအရ ကျွန်တော် scan လုပ်နေတာမြင်ရမှာပါ

Screenshot from 2019-07-25 13-11-45

scan  စစ် ပြီးပြီဆို ကျွန်တော် select ထားတား scan id တွေကို copy ကူးပြီး

Screenshot from 2019-07-25 13-15-59

scan report ကို အောက်ပါအတိုင်းဖတ်နိုင်ပါတယ် ပေါ်လာမှာက အောက်ကပုံအတိုင်းပါ

# maldet -e SCAN ID

Screenshot from 2019-07-25 13-17-42

scan ဖတ်လိုက်တာ scan id လည်းရပြီဆိုရင်

Quarantine နဲ့ clean တစ်ခုခုလုပ်ရပါမယ် Quarantine လုပ်မယ်ဆိုရင် အောက်ပါအတိုင်း

# maldet -q SCAN ID
# maldet –quarantine SCANID

Screenshot from 2019-07-25 13-27-42

Clean လုပ်မယ်ဆိုရင် အောက်ပါ command အတိုင်းလုပ်ရပါမယ်

# maldet -n SCAN ID
# maldet --clean SCAN ID

Screenshot from 2019-07-25 13-28-56

quarantin လုပ်ခဲ့တဲ့ ဖိုင်ကို restore ပြန်လုပ်ချင်ရင်တော့ အောက် command အတိုင်း ပါပဲ

# maldet -s FILENAME
# maldet --restore FILENAME

ဒီ လောက်ပါပဲ

အခု LMD သည် ဒီထက်မက သော စွမ်းဆောင်ရည်တွေများကြီးကျန်ပါသေးသည် မိမိဘာသာ ဆက်လေ့လာနိုင်ရင် အသိ တစ်ခုပေးချင်သာဖြစ်သည်

အားလုံးကိုကျေးဇူးတင်ပါတယ် ကြိုက်နှစ်သက်ပါက Facebook page ကို  Like လုပ်သွားပါ

Leave a comment