Basic command 2

find command အသုံးပြုပုံ

find command ကိုဘယ်လိုနေရာတွေမှာသုံးလဲ ဆိုရင်

ကျွန်တော်တို့ နေစဥ် နဲ့ အမျှ ရှာဖွေနေရတဲ့ မိမိ local disk ထဲမှာ file တွေ directory ကို အကို မြန်ဆုံး ရှာဖွေပေးနိုင်တဲ့ တစ်ခုတည်းသော command ဖြစ်ပါတယ်

file name , file size, file ကို ပိုင်တဲ့ သူအနေနဲ့ file တွေကို စပြီး modify လုပ်ခဲ့တဲ့ date တွေကို မှတ်မိရုံနဲ့ အမြန်ဆုံး ရှာဖွေပေးနိုင်မှာပါ

အိုကေ

စလိုက်ကြရအောင်

Find command ရဲ့ usage တွေကတော့

#find [path ..] [expression] ပဲဖြစ်ပါတယ်

ဘာ arguments မှ မပါဘဲ find တစ်ခုတည်းရိုက်ရှာမယ်ဆိုရင်

ခုရောက်နေတဲ့ directory ထဲမှာ ရှိသမျှအကုန်ပြမှာဖြစ်ပါတယ်

Screenshot from 2019-07-17 11-21-25

အသုံး ဝင်တဲ့ find command အသုံးပြု နည်းတွေကတော့

find . – name pattern – (-name ) ကိုသုံးထားတာကြောင့် ရှာချင်တဲ့ ဖိုင်နာမည် ကို ဖော်ပြပြီးရှာလို့ရပါတယ်

ဥပမာ – #find . -name bozin ( ဒါဆိုရင် bozin ဆိုတဲ့ file ကိုရှာပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်)

Screenshot from 2019-07-17 11-42-43

find . -iname pattern – ဒါကတော့ မိမိ ရိုက်ရှာလိုက်တဲ့ pattern က ကြီးတာပဲ ဖြစ်နေပါစေ အသေးရှိရင်လည်း ရှာပြီ: ဖော်ပြပေးမှာပါ -iname ကို သုံးထားတာကြောင့် bozin လို့ pattern မှာသုံးထားလဲ Bozin ဆိုတာ ရှိနေလည်း ပြပေးမှာပါ

Screenshot from 2019-07-17 11-54-31

find . -ls – ကတော့ file တွေ  directory တွေ တစ်ခုခြင်းစီ ရဲ့ list ကို ရှာပေးသွားမှာပါ

Screenshot from 2019-07-17 11-58-23

find . -mtime num_day –ဒါကတော့ ဘယ်ရက် မြောက်လောက်က file တွေ directory တွေကို ပြပြလို့ဆိုရင် သူပြလိမ့်မယ်

e.g #find . -mtime +2 – လွန်ခဲ့တဲ့ ၂ရက် မရောက်ခင်က ပြုလုပ်ခဲ့တဲ့ file တွေကို ပြပါလို့ပြောတာ ၂ ရက်အတွင်းက file တွေကို ပြမှာမဟုတ်ပါဘူး (+ ကို အပြင် လို့သဘောထား ပြီး ကို အတွင်းလို့သဘောထားပါ)

Screenshot from 2019-07-17 12-05-17

နောက်တစ်ခု ရှင်းအောင်ပြရမယ်ဆိုရင်

e.g #find . -mtime +2 -mtime -10 ( ဒီ command ဆိုရင် ပြီးခဲ့ တဲ့ ၂ရက် နဲ့ 10 ရက် ကြားရက် တွေမှာ ပြုလုပ်ခဲ့တဲ့ directory တွေ file တွေကို ရှာပေးမှာဖြစ်ပါတယ်)

Screenshot from 2019-07-17 12-09-17

find . -size num – file size နဲ့ရှာလို့ရမှာဖြစ်ပါတယ်

c က bytes

k က Kilobytes

M က Megabytes

G က Gigabytes ကို ကိုယ်စားပြုပါတယ်

Screenshot from 2019-07-17 12-15-09

find . -exec command {} \; – ဒီ command ကတော့ အသုံးဝင်ဆုံးဖြစ်ပါတယ် ရှာချင်တဲ့ ဖိုင်တွေအားလုံးကို command နဲ့ သုံးရှာရမှာပါ

ဥပမာ log file မှန်သမျှ ကို ရှာ ပြီး တစ်နေရာထဲ သွား ထည့်မယ်ဆိုပါ ဆို့

e.g — find . -name *.log -exec cp -i {} /hello \;

Screenshot from 2019-07-17 12-22-56

အားလုံး နားလည် လိမ့်မယ်လို့မျှော်လင့်ပါတယ်

အားလုံး ဒီ post လေးကို ကြိုက်တယ် ဆိုရင်

Share သွားနိုင်ပါတယ် ဗျ

#Loveyouall

Leave a comment